အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
9,737
လွန်ခဲ့သော ၂ ပတ် က · ချောက်

ဆရာခင်ဗျ အီမာမက်တင် ဘက်ဇိုရိတ် ၁၀% လန်ဒါဆိုဒ်ဟေသရင် ၁၅% အဲ့ AI နှစ်မျိုးအပြင် အခြား AI နဲ့ ဆေးအမည်လေးပြောပေးပါ...

ဆရာခင်ဗျ အီမာမက်တင် ဘက်ဇိုရိတ် ၁၀% လန်ဒါဆိုဒ်ဟေသရင် ၁၅% အဲ့ AI နှစ်မျိုးအပြင် အခြား AI နဲ့ ဆေးအမည်လေးပြောပေးပါအူး ခရမ်းခေါင်းသီးလုံးဖောက်ပိုးနိုင်ချင်လို့ပါဆရာ အခု AI နှစ်မျိုးက ဆေးဖျန်းတာ ၃ ကြိမ်ရှိနေပီမို့ပါဆရာ

ပိုးမွှားရောဂါ ခရမ်းသီး
Post image

ဖြေကြားချက် ၅ ခု

347,513 လွန်ခဲ့သော ၂ ပတ် က
ဤအဖြေဖြင့် ပြေလည်

တောင်သူဦးကြီး သုံးစွဲထားသော အီမာမက်တင်ဘန်ဇိုအိတ် ၁၀% နှင့် လန်ဒါဆိုင်ဟေလိုသရင် ၁၅% ဆေးနှစ်မျိုးလုံးသည် ပိုးမွှားများ၏ အာရုံကြောစနစ်ကို တိုက်ခိုက်သောဆေးများ ဖြစ်ကြပြီး ခရမ်းသီး အသီးဖောက်/အညွန့်ဖောက်ပိုးကို နှိမ်နင်းရာတွင် ဆေးယဉ်ပါးမှု ဖြစ်နေနိုင်ပါတယ်။ ထို့ကြောင့်စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ ၎င်းဆေးများနှင့် အာနိသင်အုပ်စုမတူသော ကလိုရန်ထရန်နီလီပရိုး (Chlorantraniliprole) သို့မဟုတ် ဖလူဘင်ဒီယာမိုက် (Flubendiamide)၊ စပီနိုဆတ် (Spinosad 45% SC) ဖီပရိုနေးလ် (Fipronil 5% SC) သို့မဟုတ် ကာဘိုဆာလ်ဖန် (Carbosulfan 20% EC)ကဲ့သို့ ကြွက်သားစနစ်ဖျက်ဆီးသည့် ပင်လုံးပျံ့ဆေးအသစ်များကို ပြောင်းလဲသုံးစွဲလေ့ရှိတယ်။ ပိုးလောက်ကောင်များသည် ခရမ်းသီး၏ အညွန့် သို့မဟုတ် အသီးအတွင်းထဲသို့ ဖောက်ဝင်ခိုအောင်းနေပါက မည်သည့် ပိုးသတ်ဆေးဖျန်းဖျန်း ဆေးမတိုးနိုင်ပါ။ ထို့ကြောင့် ဆေးမဖျန်းမီ ညှိုးနေသော ခရမ်းညွန့်များနှင့် ပိုးပေါက်ပါသော ခရမ်းသီးများကို အရင်ခူးဆွတ်ပြီး ခြံအပြင်ဘက်တွင် မီးရှို့ခြင်း သို့မဟုတ် မြေနက်နက်မြှုပ်ခြင်းကို မပျက်မကွက် ပြုလုပ်ရပါမယ်။

9,737 လွန်ခဲ့သော ၂ ပတ် က

ဟုတ်ဆရာကျေးဇူးအထူးပါဆရာ

347,513 လွန်ခဲ့သော ၂ ပတ် က

Acetamiprid +lambda cyhalothrin, Abamectin ဒီနှစ်ခုဖြင့်လုံလောက်ပါတယ်၊ ပြီးတော့ သီးလုံးဖောက်ပိုးအတွက် ဆေးaiတွေကလည်း ပျ၊လှေး၊ယင်ဖြူအတွက်လည်း ထိရောက်တာမို့ ဆေးဖိုးတွေအရမ်းမကုန်ကျစေရန် လိုအပ်သလောက်သာ ချင့်ချိန်ပြီးဝယ်ပါခင်ဗျ၊

9,737 လွန်ခဲ့သော ၂ ပတ် က

@သော်ဇင် ဆရာ တစ်လက်စတည်းလေ ဆေးမှာချင်လို့ဆရာ လှေး ပျ ယင်ဖြူ နိုင်တဲ့ဆေးကို အစီတာမီပရစ်နဲ့ လန်ဘဒါ အရော / အဘာမက်တင် အဲ့ဆေးနှစ်မျိုးနဲ့လုံလောက်လားဆရာ မိုနိုကေး ၂ ကြိမ် အဘာမက်တင် တစ်ကြိမ်ရှိပီဆျာ မိုနိုကေးကုန် နေလို့ မိုနိုကေးပဲ ထပ်မှာရမလား အခြား Ai မှာရမလားဆရာဖြေပေးပါအူးဆရာ

9,737 လွန်ခဲ့သော ၂ ပတ် က

ဟုတ်ဆရာ သီးလုံးဖောက်ရင် ချက်ချင်းဆွတ်တယ်ဗျ အပင်ညှိုးရင်ချက်ချင်း ညှပ်ပစ်တယ်ဗျ ဆရာညွှန်တဲ့ဆေး ရှာဝယ်မယ်ဆရာ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။