TBL9 မျိုး ခြံမြေ၁ဧကခွဲအတွက် ခုတ်ဖုံးလုပ်မှာပါ လုပ်နည်းများပြောပြကြပါ ခြံမြေက မြက်တေကိုပေါင်းသက်ဆေးဖြန်းထားပါ...
TBL9 မျိုး ခြံမြေ၁ဧကခွဲအတွက် ခုတ်ဖုံးလုပ်မှာပါ လုပ်နည်းများပြောပြကြပါ ခြံမြေက မြက်တေကိုပေါင်းသက်ဆေးဖြန်းထားပါတယ်ခင်ဗျ
TBL9 မျိုး ခြံမြေ၁ဧကခွဲအတွက် ခုတ်ဖုံးလုပ်မှာပါ လုပ်နည်းများပြောပြကြပါ ခြံမြေက မြက်တေကိုပေါင်းသက်ဆေးဖြန်းထားပါတယ်ခင်ဗျ
TBL9 မတ်ပဲမျိုးကို ခုတ်ဖုံးစနစ်ဖြင့် စိုက်ပျိုးရာတွင် အောင်မြင်မှုရရှိရန်အတွက် မြေအစိုဓာတ် အကောင်းဆုံးရှိနေချိန်ကို ရွေးချယ်ပြီး တစ်ဧကလျှင် (၁၀ မှ ၁၂) ပြည်နှုန်းဖြင့် ကြဲပက်ရပါမယ်။ မျိုးစေ့ကို မျိုးညှောက်ဖောက်ပြီး ကြဲပက်ခြင်းမပြုမီ ပဲမြစ်ဖုဇီဝမြေသြဇာ (Rhizobium) နှင့် လူးနယ်ပါက အပင်ကို ပိုမိုသန်စွမ်းစေပါတယိ။ အကယ်၍ စပါးမရိတ်မီ (၇-၁၀) ရက်အလို မြေကြီး အစိုဓာတ်ရှိချိန်တွင် ကြဲပက်ခြင်း သို့မဟုတ် စပါးရိတ်ပြီးသည်နှင့် ချက်ချင်းကြဲပက်၍ စပါးရိုးပြတ်များကို ဓားဖြင့်ခုတ်ဖုံးပေးခြင်း နည်းလမ်းများကို လက်တွေ့အသုံးချနိုင်ပါတယ်။ အထူးသဖြင့် မေးခွန်းရှင် ဖော်ပြထားသည့် စပါးခင်းတွင် ပေါင်းသတ်ဆေး ဖြန်းထားသည့် အချက်ကြောင့် ဆေးအာနိသင် ကျန်ရှိမှုကို သတိပြုရမည်ဖြစ်ပြီး၊ ပဲပင်ပေါက်သက်တမ်း (၁၀-၁၅) ရက်တွင် အမိုင်နိုအက်ဆစ်ပါဝင်သော ရွက်ဖျန်းအားဆေးကို ပက်ဖျန်းပေးခြင်းဖြင့် ပေါင်းသတ်ဆေးဒဏ်ကြောင့် အပင်တုံ့ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
ဆက်စပ်မေးခွန်းများ
မတ်ပဲ မစိုက်ခင်မှာ ထရိုက်ကိုဒါးမား အရည်ဖြန်းရင် အကျိုးရှိနိုင် မရှိနိုင် သိချင်ပါတယ်
ဖြေကြားချက် 4 ခု
မတ်ပဲ ၁၅ .၂၀ရက်သားမှာ ဆာလ်ဖာ၈၀%ပါတဲ့ရွက်ဖျန်းဆေးဖျန်းလို့ရပြီလား ဆာလ်ဖာကို အလူမီနီယမ်မှိုသတ်ဆေးနဲ.ရောဖျန်းလို့...
ဖြေကြားချက် 4 ခု
သဲဆန်တဲ့မြေမှာမတ်ပဲကိုခုတ်ဖုံးလုပ်တာပိုကောင်းလား ထယ်ရေးနဲ့လုပ်တာပိုကောင်းလား
ဖြေကြားချက် 1 ခု
မြေချဉ်ငန်ကိန်း5.1မြေကို ပြင်ချင်လို့ ဒိုလိုမိုက်ဘာ်လောက်kgသုံးရမလဲ
ဖြေကြားချက် 2 ခု
ပဲကျဲရာတွင် ငန်းကို ဘယ်လိုယူရမလဲ ဘယ်ညာယူရမလား တစ်ဖက်ချင်းစီယူရမလား
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။