အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
2,164
လွန်ခဲ့သော ၁ ပတ် က · ပွင့်ဖြူ

ဧရာပဒေသာ၃၀ရက်သားမှာ၄ဧကကို၁၆ပတ်လည်၁အိတ်ပုလဲ၁အိတ်၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ်၇၀ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်၈၅ရက်သား...

ဧရာပဒေသာ၃၀ရက်သားမှာ၄ဧကကို၁၆ပတ်လည်၁အိတ်ပုလဲ၁အိတ်၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ်၇၀ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်နောက်ဆုံးအပတ်ရက်၁၀၀သားပတ်ရမလား၁၁၀ရက်သားမှပတ်ရမလားခဗျပုလဲဆာလ်ဖာအရောပတ်သင့်လားဒါမှမဟုတ်ပုလဲဇင့်အရောပတ်သင့်လား​ခဗျအခုကရက်၇၀သားရောက်ပါပြီမြေစီကျွေးရက်မှန်လားခဗျာနောက်ဆုံးအပတ်ဘယ်အလံရွက်ထွက်ချိန်ကျွေးရမလားပန်းစပွင့်ချိန်ကျွေးရမလားခဗျ

အပင်အာဟာရ စပါး

ဖြေကြားချက် ၃ ခု

348,948 လွန်ခဲ့သော ၁ ပတ် က
ဤအဖြေဖြင့် ပြေလည်

ဆင်းသုခစပါး သက်တမ်း ၇၀ ရက် (ရက် ၇၀ သား) အချိန်သည် စပါးဖုံးလုံးပြီး စပါးအနှံစတင်အထွက်ပြူချိန်ဖြစ်သောကြောင့် အစေ့အဆန်အောင်ရန် အာဟာရကျွေးရန် အလွန်မှန်ကန်သော အချိန်ဖြစ်ပါတယ်။ ဤအချိန်တွင် အနှံအောင်ရန်အတွက် ပိုတက်ရှ် (MOP) ကို အဓိကထားပြီး အပင်အခြေအနေကြည့်ကာ ယူရီးယား (ပုလဲ) အနည်းငယ်သာ တွဲဖက်ကျွေးသင့်ပြီး ဆာလ်ဖာဓာတ်ကိုမူ အပင်ပွားချိန်တွင်သာ သုံးခဲ့သင့်ပါတယ်။ မြေဩဇာကျွေးခြင်းကို အလံရွက်ထွက်ချိန်မှ စပါးနှံစထွက်ချိန် (နောက်ဆုံး ရက် ၇၅ ရက်) အပြီးသတ်ရမည်ဖြစ်ပြီး၊ ပန်းပွင့်နေချိန်နှင့် သက်တမ်း ၉၀-၁၀၀ ရက်များတွင် မြေဩဇာကျွေးပါက အဖျင်းများခြင်းနှင့် ပိုးမွှားရောဂါ ပိုမိုကျရောက်စေတတ်သဖြင့် လုံးဝရှောင်ကြဉ်ရပါမယ်။ သတိပြုရမှာက မှို့ကပ်ချိန်ဆိုရင် ပိုတက်များများနှင့်ပုလဲအနည်းငယ်ကျွေးသင့်ပြီး ဖုံးလုံးချိန်ခေါ် စပါးအနှံထွက်ပြူစအချိန်ဆိုရင်တော့ ပိုတက်အနည်းငယ်နှင့် ပုလဲများများကျွေးပေးသင့်တာပါ။အခုက စပါးပင်က ဘယ်အနေအထားရှိမလဲ ပုံမမြင်ရတော့ မိမိဘာသာစစ်ဆေးပြီးဆုံးဖြတ်ပါဗျ

348,948 လွန်ခဲ့သော ၁ ပတ် က

ပုံရိုက်ပြီး ပို့စ်အသစ်ဖြင့် ထပ်မံမေးမြန်းနိုင်ပါတယ်

2,164 လွန်ခဲ့သော ၁ ပတ် က

ဧရာပဒေသာစပါးပါဆရာ၁၄၅ရက်သားမျိုးပါနောက်နေ့ကြပုံပိုက်ပြီးထပ်မေးခွင့်ပြုပါဗျ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။