အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
36
လွန်ခဲ့သော ၁ ပတ် က · ငပုတော

၁၃၅‌ရက်ရေဆင်းပေါ်ဆန်းစပါးမှိုကပ်ချိန်မြေဩဇာထည့်သွင်းချိန်သိချင်ပါတယ်

စိုက်ပျိုးနည်း စပါး

ဖြေကြားချက် ၁ ခု

349,565 လွန်ခဲ့သော ၁ ပတ် က
ဤအဖြေဖြင့် ပြေလည်

ရေဆင်း ပေါ်ဆန်း (၁၃၅ ရက်) စပါးအမျိုးအစားသည် သက်လတ်စပါးဖြစ်ပြီး စပါးပင်အတွင်း အနှံလောင်းစတင်တည်သည့် သန္ဓေတည်ချိန် မှို့ကပ်ချိန်မှာ စပါးသက်တမ်း ရက် ၇၅ မှ ၈၀ အကြား ဖြစ်ပါတယ်။ စပါးပင်စည် လုံးဝန်းဖောင်းကားလာသည့် ဖုံးလုံးချိန်(ဗိုက်ဖောင်းချိန်) မှာ စပါးသက်တမ်း ရက် ၉၀ မှ ၉၅ အကြား ဖြစ်ပြီး၊ ရက် ၁၀၅ ဝန်းကျင်တွင် အနှံ စတင်ထွက်ရှိပါတယ်။ ရေဆင်း ပေါ်ဆန်း (၁၃၅ ရက်) စပါးစိုက်ပျိုးရာတွင် မြေဩဇာကို အချိန်ကိုက် ၄ ကြိမ် ခွဲကျွေးရပါမယ်။ ပထမအကြိမ်အဖြစ် တီစူပါ (phosphate) အားလုံးနှင့် ပိုတက်ရှ် (potash) ထက်ဝက်ကို စိုက်ခင်းမြေပြင် နောက်ဆုံးထွန်းတုံးရိုက်ချိန်တွင် မြေခံမြေဩဇာအဖြစ် ထည့်သွင်းရပါမယ်။ ဒုတိယအကြိမ်အဖြစ် စပါးပင်ပွားအားကောင်းစေရန် ယူရီးယား သုံးပုံတစ်ပုံကို ရွှေ့ပြောင်းစိုက်ပြီး ၁၅ ရက်မှ ၂၀ ရက်အတွင်းတွင် ကျွေးရပါမယ်။ တတိယအကြိမ်အဖြစ် ယူရီးယား နောက်ထပ်သုံးပုံတစ်ပုံကို စိုက်ပြီး ရက် ၄၀-၄၅ (ပင်ပွားအမြင့်ဆုံးအချိန်) တွင် ကျွေးရပြီး၊ နောက်ဆုံးစတုတ္ထအကြိမ်အဖြစ် ကျန်ရှိသော ယူရီးယား သုံးပုံတစ်ပုံနှင့် ပိုတက်ရှ် ထက်ဝက်ကို စပါးနှံအောင်ပြီး အထွက်တိုးစေရန် ရက် ၉၀ ဝန်းကျင် စပါး မှို့ကပ်ချိန် (ဗိုက်ဖောင်းချိန်) တွင် မဖြစ်မနေ ထည့်သွင်းပေးရပါမယ်။လယ်ကွက်အတွင်း ရေ ၂-၃ လက်မခန့် အမြဲရှိနေအောင် ထိန်းသိမ်းထားရန်နှင့် ဆစ်ပိုး၊ ဂုတ်ကျိုးရောဂါများ မကျရောက်စေရန် ကြိုတင်ကာကွယ်ရန် လိုအပ်ပါတယ်။

You

ဆက်စပ်မေးခွန်းများ

စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ

ဖြေကြားချက် 1 ခု

ဆရာတို့ရေ စပါးယူဖရာ ဖစ်နေလို့ ကျန်ခဲ့တဲ့၁၅ရက်က ကာဘိုဆာဖန် 3gပတ် ထားတာလည်း မတန့်လို့ ဘာဆေးသုံးရမလည်း အကြံပေးပါ...

ဖြေကြားချက် 5 ခု

ဧရာပဒေသာ၃၀ရက်သားမှာ၄ဧကကို၁၆ပတ်လည်၁အိတ်ပုလဲ၁အိတ်၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ်၇၀ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်၈၅ရက်သား...

ဖြေကြားချက် 3 ခု

ဆရာတို့ခင်ဗျားပျိုးပင်များနှုပ်ရလွယ်ကူအောင်မနှုပ်ခင်ဘယ်လိုဆောင်ရမလဲဖြေပေးပါဦးဗျ။

ဖြေကြားချက် 3 ခု

ရေဆင်းပေါ်ဆန်း(၂)ကြဲခင်းမှာ၇၀ရက်မှာအလံရွက်ထွက်နေပါတယ်

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။