အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
9,737
လွန်ခဲ့သော ၁ ပတ် က · ချောက်

ဆရာ ဒါမျိုးလေးတွေပါဆရာ

ပိုးမွှားရောဂါ ခရမ်းသီး
Post image
Post image

ဖြေကြားချက် ၆ ခု

347,513 လွန်ခဲ့သော ၁ ပတ် က
ဤအဖြေဖြင့် ပြေလည်

ပုံပါ ခရမ်းသီးတွင် ဖြစ်ပွားနေသော လက္ခဏာသည် Phomopsis vexans မှိုကြောင့်ဖြစ်သည့် Phomopsis blight (အသီးပုပ်ရောဂါ) ဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။ အသီးမျက်နှာပြင်ပေါ်တွင် စိုစွတ်ပြီး ချိုင့်ဝင်နေသော အညိုရောင်/အမည်းရောင် ကွက်ကြီးများ ဖြစ်ပေါ်နေသော်လည်း၊ ခရမ်းခေါင်ညွန့်ထိုးပိုး/သီးလုံးဖောက်ပိုး ကျရောက်ပါက တွေ့ရလေ့ရှိသည့် ပိုးထိုးပေါက်များနှင့် ပိုးချေးများကို မတွေ့ရခြင်းကြောင့် ရောဂါကျတာ သေခြာသွားတာပါ။ ဤရောဂါသည် စိုထိုင်းဆများပြီး လေဝင်လေထွက် ညံ့ဖျင်းပါက ပိုမိုဆိုးရွားတတ်သဖြင့် ရောဂါရအသီးများကို ခူးယူမီးရှို့ဖျက်ဆီးပစ်ရန် လိုအပ်ပါတယ်။ဒီရောဂါသည် အပူချိန်မြင့်ပြီး စိုထိုင်းဆများသော မိုးရာသီ သို့မဟုတ် ရေသွင်းလွန်ကဲသော အခြေအနေများတွင် ပိုမိုဆိုးရွားစွာ ကူးစက်ပြန့်ပွားတတ်ပါတယ်။ရောဂါရနေသော အသီးများနှင့် အရွက်များကို ခူးယူပြီး စိုက်ခင်းနှင့် ဝေးရာတွင် မီးရှို့ဖျက်ဆီးပါ သို့မဟုတ် မြေမြှုပ်ပစ်ပါ။ ရောဂါပိုးသည် အပင်အကြွင်းအကျန်များတွင် ခိုအောင်းနေနိုင်သောကြောင့် ဖြစ်ပါတယ်။အပင်ခြေရှိ အရွက်ဟောင်းများကို ဖယ်ရှားပေးပြီး လေဝင်လေထွက် ကောင်းအောင် ပြုလုပ်ပေးပါ။ရောဂါလက္ခဏာ စတင်တွေ့ရှိရပါက ကာကွယ်မှုအနေဖြင့် ထရိုင်ဂိုဒါးမား (Trichoderma ) ကဲ့သို့သော အကျိုးပြုမှိုများကို အပင်ခြေနှင့် မြေကြီးထဲသို့ ဖျန်းပေးနိုင်ပါတယ်။ကာကွယ်နှိမ်နင်းရန်အတွက် မန်ကိုဇက် (Mancozeb) သို့မဟုတ် ကာဘင်ဒါဇင် (Carbendazim) ၊ ကော့ပါး အခြေခံဆေးများ ၊ Propiconazole,Tebuconazole ကဲ့သို့သော မှိုသတ်ဆေးတစ်မျိုးမျိုးကို အသုံးပြုနိုင်ပါတယ်။ စိုက်ခင်းအတွင်း ကူးစက်မှုနှုန်းနှင့် အရွက်များတွင်ပါ ရောဂါပြန့်ပွားနေခြင်း ရှိမရှိကို ဆက်လက်စစ်ဆေးပြီး အမြန်ဆုံး ကုသသင့်ပါတယ်။စိုက်ခင်းအတွင်းရှိ အခြားအပင်များတွင်ကော အရွက်များပေါ်၌ အဝိုင်းပုံစံ မီးခိုးရောင် သို့မဟုတ် အညိုရောင် အစက်အပြောက်များ၊ သို့မဟုတ် ပင်စည် ညှိုးခြောက်ပြီး ပုပ်လာသည့် လက္ခဏာများ ရှိမရှိကိုလည်း သတိပြု စစ်ဆေးပေးစေလိုပါတယ်ခင်ဗျာ။

9,737 လွန်ခဲ့သော ၁ ပတ် က

အပင်တွေကြည့်ပီး စိမ်းစိုနေလို့ ရောဂါကင်းတယ်ထင်မိသွားတာပါဆရာ ထိရောက်မဲ့ဆေးလေးပြောပြပါအူးနော့်ဆျာ

9,737 လွန်ခဲ့သော ၁ ပတ် က
9,737 လွန်ခဲ့သော ၁ ပတ် က

@သော်ဇင် ဟုတ်ပါတယ်ဆရာ အပင်ကလဲ ကြပ်တယ် ပီးတော့မိုးကအဆက်မပြတ်ရွာနေတော့ ရေကလဲအိုင်တယ် မနက်ကျ ရေလွှဲပေါက်လုပ်လိုက်မယ်ဆရာ အခုလဲရွာနေစဲပဲဆရာ မန်ကိုဇက် ပထမ တစ်ကြိမ်ဖျန်းထားတာတစ်လလောက်ရှ်ပါပြီဆရာ အခုကျွန်တော့်လက်ထဲမှာရှိတာ မန်ကိုဇက်ပဲရှိတယ်ဆရာ အတာ ဘယ်နှစ်ဇွန်းလောက်ထည့်ရမလဲဆရာ ကျွန်တော်လဲသီးလုံးဖောက်ပိုးနှိမ်နှင်းဖို့ပဲအာရုံရောကိနေတော့ ကျွန်တော်လဲသတိမထားမိဘူးဆရာ များတော့မများသေးဘူးဆရာ ဒါပေမဲ့အတော်လေး ပြန့်နေပီဗျ

347,513 လွန်ခဲ့သော ၁ ပတ် က

Fipronil တော့ ဈေးနည်းမယ်ထင်မိတာပဲ၊ အခြားဆေးတွေကတော့ ဈေးကြီးတယ်၊ မိမိအဆင်ပြေသလို ဈေးနှုန်းသင့်တော်သည့် ပင်လုံးပျံ့ဆေးများ ဝယ်ယူအသုံးပြုနိုင်ပါတယ်ခင်ဗျာ

9,737 လွန်ခဲ့သော ၁ ပတ် က

တစ်ဆက်တည်းမှာပဲ ဆရာညွှန်တဲ့ဆေးတွေက အရမ်းစျေးကြီးလို့မနိုင်ပါဘူးဆရာ ဆေးဆိုင်တွေမေးတော့လဲမရှိဘူးတဲ့ဆရာ အဲ့ဆေးတွေက တစ်ပုံးစာကို သုံးသောင်းလောက်ရှိတယ်လိုပြောပါတယ်ဆရာ

You

ဆက်စပ်မေးခွန်းများ

ဆရာ ခရမ်းခေါင်းအတော်များများမှာ ခရမ်းသီးလေးတွေ ပုတ်ပီးအဖြူရောင် လေးတွေ ကပ်နေလို့ဆရာ ဘာဖြစ်တာလဲ

ဖြေကြားချက် 5 ခု

မဂ်လာပါဗျကျွန်တော်ရဲ့ခရမ်းမျိုးပင်လေးတွေကပင်ခြေရိပီးသေတာတွေ့နေရတာဘာကြောင့်လဲ ပျိုးဘောင်ကိုအမိုးမိုးထားပါတယ်🌱

ဖြေကြားချက် 1 ခု

ယင်ဖြူ အရမ်းများနေပါတယ် ဖြုတ်စိမ်းလဲရှိတယ် Thiamethoxam -20 WDG (10 g) + Lambda Cyhalothrin -5W/ V(15 cc)ဖျန်း...

ဖြေကြားချက် 6 ခု

မန်ကိုဇက်နဲ့ရနိုင်လားဆရာ လက်ထဲ မန်ကိုဇက်ပဲရှိလို့ပါဆရာ အခြားဆေးဆိုလဲ ရှာပါမယ်ဆရာ အခုက မိုးကရွာ ရေက အခြားထွက်...

ဖြေကြားချက် 1 ခု

ဆရာ သီးလုံးဖောက်ပိုးအတွက် ဒီကောင်လေးပေးလိုက်လို့ဆျာ အဆင်ပြေပါ့မလားဆရာ ဝိစာရက ဘီတာစီပါဆရာ

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။