အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
18
လွန်ခဲ့သော ၆ ရက် က · ခင်ဦး

ရွှေဘိုပေါ်ဆန်းရက်60သသား ပါပိုတတ်ဘယ်လောက်နှုန်းလောက်စကြဲရမလဲ

အပင်အာဟာရ စပါး
Post image

ဖြေကြားချက် ၁ ခု

348,301 လွန်ခဲ့သော ၆ ရက် က

ရွှေဘိုပေါ်ဆန်းစပါးသည် အပင်သက်တမ်း ၁၄၅ ရက်မှ ၁၅၀ ရက်ဝန်းကျင် ရှိသော သက်လတ်/သက်ကြီး စပါးအမျိုးအစားဖြစ်သဖြင့် ရက် ၆၀ သားအချိန်သည် အပင်ပွားနှုန်းအမြင့်ဆုံးအချိန် း သာ ရှိပါသေးတယ်။ စပါးအဆန်ပြည့်ပြီး အောင်နှံဖြစ်စေရန် ကျွေးရမည့် (ပိုတက်ရှ်) မြေဩဇာကို ရက် ၆၀ သားတွင် ကျွေးခြင်းထက်၊ အပင်အတွင်း အနှံလောင်းစတင်တည်သည့် ရက် ၇၀ မှ ၇၅ ရက် (ဗိုက်မဖောင်းမီအချိန်) တွင် ကျွေးခြင်းက အာနိသင်အထိရောက်ဆုံး ဖြစ်ပါတယ်။ စိုက်ပျိုးစဉ် မြေခံမြေဩဇာအဖြစ် ထည့်သွင်းထားခြင်း မရှိပါက ဤအချိန်တွင် ပိုတက်ရှ် (MOP) မြေဩဇာ အိတ်ဝက် (၂၅ ကီလိုဂရမ်) ကို ပုလဲမြေဩဇာနှင့် ရောစပ်၍ တစ်ဧကနှုန်း ပတ်ကြဲကျွေးနိုင်ပြီး၊ ဖုံးလုံးချိန်နှင့် အနှံထွက်ခါစအချိန်များတွင် ပိုတက်ဆီယမ်ဓာတ် မြင့်မားသော ရွက်ဖျန်းမြေဩဇာကိုလည်း ဖြည့်စွက်အသုံးပြုနိုင်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။