အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
285
လွန်ခဲ့သော ၅ ရက် က · ထန်းတပင်

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်...

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

ဖြေကြားချက် ၁ ခု

348,301 လွန်ခဲ့သော ၅ ရက် က

မတ်ပဲပင်များ အားဆေးမည်မျှဖျန်းသော်လည်း အပင်ထမလာဘဲ နေရာကွက်၍ ညှက်နေခြင်းမှာ မြေဆီလွှာ၏ အစိုဓာတ်မညီညာခြင်း (ရေဝပ်ခြင်း သို့မဟုတ် အစိုဓာတ်ပြတ်လတ်ခြင်း)၊ မြေဆီလွှာဖွဲ့စည်းပုံကွာခြားခြင်းနှင့် အမြစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများကြောင့် ဖြစ်နိုင်ပါတယ်။ ပဲပင်များ အာဟာရစုပ်ယူမှု ကောင်းမွန်စေရန် ဦးစွာ မြေအစိုဓာတ်ကို ထိန်းညှိပေးပြီး ပေါင်းမြက်များ ရှင်းလင်းရပါမယ်။ ထို့နောက် အပင်သက်တမ်းအလိုက် ကနဦးတွင် အမြစ်ပွားစေရန် ဟူးမစ်အက်ဆစ် (Humic Acid) နှင့် NPK 19:19:19 ရွက်ဖျန်းမြေဩဇာကို တွဲဖက်ဖျန်းပေးပြီး၊ ပန်းပွင့်ချိန်တွင် ကယ်လ်စီယမ်-ဘိုရွန်၊ အစေ့အဆံဖြည့်ချိန်တွင် ပိုတက်စီယမ်မြင့်မားသော ဆေးများကို နေအေးချိန်၌ စနစ်တကျ ပက်ဖျန်းပေးခြင်းဖြင့် အပင်ကို အမြန်ဆုံး ပြန်လည်လန်းဆန်းထွားကြိုင်းလာစေနိုင်ပါလိမ့်မယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဒို့ဦးလေး ခင်ဗျာ ခုနှစ် မတ်ပဲနောက်ကျ တော့ အပင်မတက်လို့ ဘယ်အားဆေးကို အဓိက ဖြန်းရမှာလဲ ဆိုတာ ဖြေကြားပေးပါ

ဖြေကြားချက် 1 ခု

မတ်ပဲမှာ ရာသီချိန်နောက်ကျလို့ အပင်မတက်ပဲ အပင်တစ်မိုက်ခန့်လောက်နှင့်အပွင့်လိုက်နေတယ်ဆရာ အပင်အနေအထားကိုလိုချင်ပါ...

ဖြေကြားချက် 1 ခု

ပုံပါ မတ်ပဲပင်မှာ ဘာရောဂါဖြစ်နေတာလဲခဗျ်ာ။ဘယ်ဆေးအသုံးပြုရမလဲခဗျ်ာ။

ဖြေကြားချက် 2 ခု

မတ်ပဲ23ရက်သားရှိပါပြီ မတ်ပဲစိုက်ပြီးအရိုင်းဆေးဖျန်းထားပါတယ်7က်သားမှာမိုးမိပြီးရေဝပ်ထားပါတယ်ပဲပင်အရောင်ကအစိမ်း...

ဖြေကြားချက် 3 ခု

ပဲပင်သက်တမ်း တစ်လ ကျော်ကို အပင်က ကျစ်ကျစ်လေး ဖြစ်ပြီး အပင် ထိုင်နေပါတယ် ဘယ်လို ပြုပြင်ရင် အဆင်ပြေမလဲဗျ

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။