ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
လက်ရှိ မိုးနှောင်း/ဆောင်းအကြိုကာလသည် မတ်ပဲစိုက်ပျိုးရန် အကောင်းဆုံးအချိန်ဖြစ်ပြီး မိမိဒေသ ရေမြေအခြေအနေပေါ်မူတည်၍ ပဲမျိုးများကို စနစ်တကျရွေးချယ်သင့်ပါတယ်။ ရွက်ပြောက်ဝါရောဂါဒဏ် ခံနိုင်ရည်ရှိပြီး သက်တမ်း ၈၅-၉၀ ရက်ရှိသော မတ်ပဲ (ရေဆင်း-၄)၊ TBL -9မျိုး ရွေးချယ်သင့်ပါတယ်။မြေအစိုဓာတ်ရှိစဉ် အောက်တိုဘာမှ နိုဝင်ဘာလလယ်အတွင်း အမြန်ဆုံးစိုက်ပျိုးရန် လိုအပ်ပြီး၊ မျိုးစေ့ကို မှိုသတ်ဆေးလူးနယ်၍ စိုက်ပျိုးသင့်ပါတယ်။
TBL-9 မတ်ပဲမျိုးကို အတန်းလိုက်စိုက်ပျိုးပါက တစ်ဧကလျှင် မျိုးစေ့နှုန်း ၅ ပြည်မှ ၆ ပြည် လိုအပ်ပြီး၊ ကြဲပက်စိုက်ပျိုးပါက တစ်ဧကလျှင် ၁၀-၁၂ ပြည် အထိ သုံးစွဲရပါမယ်။ အပင်ပေါက်အဆင့်တွင် ဖြစ်ပွားတတ်သော ပင်နာကျရောဂါနှင့် အမြစ်ပုပ်ရောဂါများကို ကြိုတင်ကာကွယ်ရန်အတွက် ထရိုင်ကိုဒါးမား ဖြင့်မျိုးစေ့လူးနယ်စိုက်ပျိုးပါ
TBL-9 စိုက်မယ်ဆို တစ်ဧကကို ဘယ်လောက်နှုန်း ပတ်သင့်ပါသလဲ၊ဘာမှိုသတ်ဆေး အမျိုးအစားသုံးသင့်ပါသလဲ
ဆက်စပ်မေးခွန်းများ
fipronil profenofos beta.cypermethrin ဒီဆေးသုံးမျိုးအတွဲကမတ်ပဲမှာဘာပိုးတွေကိုနှိမ်နှင်းပေးပါသလဲဖြေပေးပါအုံးဆရာ...
ဖြေကြားချက် 1 ခု
profenofos beta.cypermethrin frpronil ဒီဆေး3မျိုးအတွဲကဘယ်လိုကာကွယ်ကုသပေးနိုင်ပါသလဲဖြေပေးပါအုံးဆရာတို့
ဖြေကြားချက် 1 ခု
မတ်ပဲခုတ်ဖုံးစနစ်နဲ့ထယ်ရေး ဘယ်ဟာကအစိုဓာတ်ပိုထိန်းလဲ သဲဆန်တဲ့မြေပါ သဘာဝမြေသြဇာလဲမထည့်ရဘူး
ဖြေကြားချက် 2 ခု
မြေ ph level တိုင်းတာရန် တိုင်းစက်အပြင် အခြား မည်သည့်နည်းလမ်းဖြင့် တိုင်းတာလို့ရနိုင်ပါလဲ ခင်ဗျ
ဖြေကြားချက် 4 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်...
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။