အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
622
လွန်ခဲ့သော ၉ နာရီ က · မကွေး

ခရမ်းချဥ်သီးပင် မိုးကြီးရွာပြီး အောက်လက်တွေဝါသွားတယ်၊ရွက်သစ်တွေစိမ်းစိုတယ်၊အသီးပွင့်လိုက်စပြုနေပါပြီ ဘယ်လိုဆေး...

ခရမ်းချဥ်သီးပင် မိုးကြီးရွာပြီး အောက်လက်တွေဝါသွားတယ်၊ရွက်သစ်တွေစိမ်းစိုတယ်၊အသီးပွင့်လိုက်စပြုနေပါပြီ ဘယ်လိုဆေးသုံးပြုပေးရမလဲဗျ ပိုး၊မှို၊အား ဆေး ဘယ်လိုaiသုံးပြုရမလဲရှင်းပြပေးပါလားခင်ဗျာ။

ပိုးမွှားရောဂါ ခရမ်းချဉ်
Post image
Post image
Post image
Post image
Post image

ဖြေကြားချက် ၁ ခု

350,467 လွန်ခဲ့သော ၈ နာရီ က
ဤအဖြေဖြင့် ပြေလည်

မိုးကြီးပြီးနောက် ခရမ်းချဉ်ပင်များတွင် ဖြစ်ပွားတတ်သော ဘက်တီးရီးယား ရွက်ပြောက်ရောဂါနှင့် လောင်မဲမှိုရောဂါများပူးတွဲကျနေတာပါ။ ထိရောက်စွာ နှိမ်နင်းနိုင်ရန်အတွက် ကော့ပါးဓာတ်ပါဝင်သော ဆေးတစ်မျိုးမျိုး (ဥပမာ - Copper Oxychloride) ကို အရင်ဖျန်းပက်ပြီး နောက်၇ရက်အကြာမှာ Azoxystrobin မှိုသတ်ဆေး တစ်ကြိမ်စိုက်ခင်းအနှံ့ စနစ်တကျ ထပ်မံပက်ဖျန်းပေးရပါမယ်။ ၎င်းအပြင် အပင်ကိုယ်ခံစွမ်းအား တက်စေရန် အမိုင်နိုအက်ဆစ် အားဆေး ဖျန်းပေးနိုင်သော်လည်း ရောဂါကျနေချိန်တွင် နိုက်ထရိုဂျင်ဓာတ် မြေဩဇာ အလွန်အကျွံကျွေးခြင်းကို လုံးဝရှောင်ကြဉ်ရပါမယ်။ ဓာတုဆေးဖျန်းရုံတင်မကဘဲ ရောဂါရနေသော အရွက်နှင့် အစိတ်အပိုင်းများကို ဆွတ်ခူးမီးရှို့ဖျက်ဆီးခြင်း၊ လေဝင်လေထွက်ကောင်းအောင် အရွက်အောက်ခြေ ရှင်းလင်းခြင်းနှင့် စိုက်ခင်းအတွင်း ရေမဝပ်အောင် ရေနုတ်မြောင်းများ ပြုပြင်ခြင်းတို့ကိုပါ ပူးတွဲလုပ်ဆောင်မှသာ ရောဂါကူးစက်မှုကို အမြန်ဆုံး ထိန်းချုပ်နိုင်ပါလိမ့်မယ်၊ ဆေးတခါဖျန်းပြီးတိုင်း ရောဂါမကျသေးသောအရွက်များသို့ ကူးစက်ပျံ့နှံမှုရှိမရှိအမြဲစောင့်ကြည့်စစ်ဆေးပါ။ရောဂါရပ်တန့်ရင် အမိုင်နိုအက်ဆစ်နှင့် အနည်းလိုအဟာရပါအားဆေးဖျန်းပေးနိုင်ပါတယ်။

You

ဆက်စပ်မေးခွန်းများ

အပင်အာဟာရကြောင့်လားပိုး။ မှိုရောဂါကြောင့်လားခင်ဗျ ပိုးဆေးက လက်ရှိ ပိုင်မီထရိုဇင်း သိုင်ယာမီသောင်ဇင် အာဘာမက်တင်...

ဖြေကြားချက် 2 ခု

စုပ်စားပိုးကြောင့်လားရောဂါလားခင်ဗျ ပိုင်မီထရိုဇင်း သိုင်ယာမီသောင်ဇင် အမီတာကရိုးပစ် အာဘာမက်တင်နဲ့ရောပြီးဖြန်းပါ...

ဖြေကြားချက် 1 ခု

ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ...

ဖြေကြားချက် 2 ခု

ခရမ်းချဉ်သီးစိုက်ပျိုးဖိုးသဲများတဲမြေမှာအဆင်ပြေပါသလား

ဖြေကြားချက် 1 ခု

ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။