အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Thiha
Thiha 132
လွန်ခဲ့သော ၁ နာရီ က

မစိုက်ခင် ထရိုက်ကိုဒါးမားဖြန်းပြီး မျိုးစေ့လူးနယ်ဆေးကို ဓာတုဆေး သုံးလို့ရလား သိချင်ပါတယ်

စိုက်ပျိုးနည်း မတ်ပဲ

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 354,747 လွန်ခဲ့သော ၅၈ မိနစ် က
ဤအဖြေဖြင့် ပြေလည်

ဓာတုမျိုးစေ့လူးနယ်ဆေးနှင့် ထရိုင်ကိုဒါးမား (Trichoderma) တို့ကို စနစ်တကျ အဲ့လိုအသုံးပြု၍ ရပါတယ်ခင်ဗျာ။ ထရိုင်ကိုဒါးမားသည် အကျိုးပြုမှိုတစ်မျိုးဖြစ်သောကြောင့် ဓာတုမှိုသတ်ဆေးများနှင့် တိုက်ရိုက်ထိတွေ့ပါက သေဆုံးနိုင်ခြေ ရှိပါတယ်။ ထို့ကြောင့် အကောင်းဆုံး စိုက်ပျိုးနည်းစနစ်မှာ မတ်ပဲမစိုက်ပျိုးမီ ၇ ရက်မှ ၁၀ ရက်အလို (နောက်ဆုံးထွန်ရေးပြင်ချိန်) တွင် ထရိုင်ကိုဒါးမားကို မြေပြင်ပေါ်သို့ အရင်ဖြန်းပေးပြီး မြေဖုံးထားရပါမယ်။ မျိုးစေ့ကိုမူ စိုက်ပျိုးခါနီးမှသာ ဓာတုဆေးဖြင့် သီးခြားလူးနယ်၍ စိုက်ပျိုးရပါမယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။