ဆရာ ဘက်တီးရီးယားလားဆရာ ကြည့်ပေးပါအူး မှိုးဆေးတော့ ၄ ကြိမ်ရှိနေပီဗျ ဘက်တီးရီးယားဆေးတော့မဝင်ရသေးဘူးဆရာ ဒီနောက်ပိူင်း အမိုင်နို ကယ်စီပလပ် မင်းသား ရှယ်ပီကေ တစ်လှည့်စီဖျန်းနေတာ အပွင့်လေးတွေတော့ထပ်လိုက်လာတယ်ဗျ
ပုံပါခရမ်းချဉ်ပင်တွင် ဖြစ်ပွားနေသည်မှာ နှောင်းပင်နာကျရောဂါ (Late Blight) သေချာပေါက် ကျနေတာပါ။ တောင်သူဦးကြီးအနေဖြင့် မိုးဆေး ၄ ကြိမ် ဖြန်းထားသော်လည်း ဘက်တီးရီးယားဆေး မဝင်ရသေး၍ စိုးရိမ်နေပေမယ့် ဤရောဂါသည် ဘက်တီးရီးယားကြောင့် မဟုတ်ဘဲ အူးမိုက်စိ (Oomycete) ခေါ် မှို ပိုးကြောင့် ဖြစ်သဖြင့် ဘက်တီးရီးယားဆေးများဖြင့် ကုသ၍ မရနိုင်ပါ။ ရာသီဥတု စိုစွတ်အေးမြချိန်တွင် တစ်ခင်းလုံးသို့ အလွန်မြန်ဆန်စွာ ကူးစက်တတ်သောကြောင့် ရောဂါကျအရွက်များကို ချက်ချင်းခူးဆွတ် မီးရှို့ဖျက်ဆီးရပါမယ်။ ထို့နောက် မက်တယ်လပ်ဆီး (Metalaxyl) + မန်ကိုဇက် (Mancozeb) ကဲ့သို့သော ပင်လုံးပျံ့နှင့် ထိသေတွဲစပ်မှိုသတ်ဆေး သို့မဟုတ် ဒိုင်မီသိုမော့ဖ် (Dimethomorph) + (Cymoxanil)ဆေးများကို ၅ ရက်မှ ၇ ရက်ခြားတစ်ခါ အရွက်အောက်မျက်နှာပြင်ပါ အနှံ့အပြား ရွှဲရွှဲစိုအောင် အမြန်ဆုံး ပက်ဖျန်းပေးရန် လိုအပ်ပါတယ်။ အခုမှကျခါစဖြ၏်လို့ ဆေးတကြိမ်ဖျန်းပြီး ရောဂါကျအရွက်များဆက်လက်ပျံ့ပွားခြင်းရှိမရှိအမြဲစေယင့်ကြည့်ပါဗျ။ အခုအခြေအနေအရတော့ ဆေးအသစ်မဝယ်သေးဘဲ Metiram+Pyraclostrobin ရှိတယ်ဆိုရင်လည်း ဖျန်းပေးနိုင်ပါတယ်
အရမ်းကြီးမစိုးရိမ်ရပါဘူး၊ အခုမှလက္ခဏာစပြခါစ တစ်ပင်တစ်လေတွေ့တာဆိုတော့ ဆေးမဖျန်းချင်ရင်လည်း ရောဂါကျအရွက်များ စိုက်ခင်းအဝေးဖယ်ပစ်ပြီး ရောဂါလက္ခဏာ ဆက်လက်ပျံ့ပွားခြင်းရှိမရှိအမြဲစောင့်ကြည့်မယ်ဆိုလည်းရပါတယ်။ ဆေးဖိုးကုန်ကျစရိတ်တော့သက်သာချင်ရင်ပေါ့နောက် ရောဂါပွားမှဖျန်းချင်လည်းရပါတယ်၊ အဓိက အမြဲမိမိစိုက်ခင်းရောဂါဆိုးရွားစွာကျသည့်အဆင့်ထိမရောက်အောင်နေ့စဉ်စောင့်ကြည့်ပေးဖို့ပါပဲဗျ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မာလာဝတီ ခရမ်းချဉ်မျိုးပါ အခုလိုပုံပါအတိုင်း အပွင့်ရဲ့အဆစ်ကနေဝါပြီးကြွေနေလို့ပါ
ဖြေကြားချက် 4 ခု
ရန်ကုန်နှင့်အနီးတစ်ဝှိက်မှာချယ်ရီခရမ်းချဉ်သီးစိုက်ပျိုးကြပါသလားရှင့်
ဖြေကြားချက် 1 ခု
ဆရာရေ ခရမ်းချဥ်စျေးကတော့ ဒီနှစ်အတွက်စံချိန်သစ်တင်ပါပြီ တစ်ပိသာ 5000 စျေးထိ ဒီနေ့ တက်လာပါတယ်ခင်ဗျ အပင်ရေ 500...
ဖြေကြားချက် 4 ခု
လောင်မဲနိုင်တဲ့ဆေးလေးသိပါရစေဗျာ
ဖြေကြားချက် 1 ခု
အရွက်တေဒီလို အရောင်ဖြစ်တာ ဘာကြောင့်လဲဗျ အရွက်တေကုတ်သလိုလဲ ဖြစ်တယ်
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။