အပင်အားဆေးလောင်တာမျိုးက ပြန်ဖြေလို့ရလားဗျ တကယ်လို့ပြန်ဖြေလို့ရရင် ဆေးလေးညွန်းပေးပါအုံး
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- မည်သည့်အပိုင်း ထိခိုက်သနည်း?
- အရွက်
- ရာသီဥတု (တစ်ပတ်အတွင်း)
- ပူ
ဂန္ဓမာပင်တွင် အရွက်ဖျန်းအားဆေး ပြင်းအားများပြီး ဆေးလောင်ပါက အရွက်ဖျားများ ကွေးကောက် ညှိုးခြောက်သွားတတ်ပါတယ်။ ၎င်းကို ကုသရန်အတွက် အပင်ပေါ်ရှိ ဆေးကြွင်းအကျန်များ လျော့ပါးသွားစေရန် သန့်ရှင်းသော ရေအေးဖြင့် အပင်ပေါ်မှနေ၍ ချက်ချင်း ရေပက်ဖျန်းဆေးကြောပေးရမည်ဖြစ်ပြီး မြေကြီးထဲရှိ ဆားဓာတ်များ စိမ့်ဆင်းသွားစေရန်လည်း ရေကို ဝဝလင်လင် ပေးရပါမယ်။ ထို့နောက် အပင်ဆဲလ်များ ပြန်လည်ကြီးထွားနိုင်ရန် အမိုင်နိုအက်ဆစ် ပါဝင်သော ရွက်ဖျန်းအားဆေး ကိုဖြေဆေးအဖြစ် ဖျန်းပေးနိုင်ပါတယ်။ နောင်တွင် ဆေးလောင်ခြင်းမှ ကာကွယ်ရန် ဆေးဘူးပါ နှုန်းထားအတိုင်းသာ သုံးစွဲရန်၊ ဆေးများစွာ တစ်ပြိုင်နက် မရောစပ်ရန်နှင့် မနက်စောစော သို့မဟုတ် ညနေ နေအေးချိန်တွင်သာ ဆေးဖျန်းရန် သတိပြုသင့်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဂန္ဓမာအောက်ရွက်ကျအရမပ်နဲနဲပုအဖူးကပ်ချင်နေပြီအောက်ခြေအရွက်ထွက်နိုင်ျသးလားအရပ်ရှည်အောင်ဘယ်လို့လုပ်ရ
ဖြေကြားချက် 1 ခု
ပန်းပင်အရွက်များအခြားအပင်နဲ့မတူအရောင်ဖျော့နေတာဘာဖြစ်နေလဲမသိလို့ ဆရာတို့ လမ်းညွှန်ကြပါအုံးဗျို့
ဖြေကြားချက် 3 ခု
ဆရာများခဗျာ ဂန္ဓမာစူပါကျောက်စိမ်ကို များသောအားဖြင့်မီးထွန်းပြီးစိုက်ကြပါတယ် မီးမထွန်းဘဲစိုက်လို့ရပါသလာ မီး...
ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
ဖြေကြားချက် 2 ခု
ခုလိုမျိုး ၂ပင်လောက် ဖြစ်နေတယ်ခဗျာ အစားကျွေးထားတာ၅ရက်ရှိပါပြီး အမိုင်နိုဆေးဖြန်းထားပါတယ် အစားကျွေးတာများလို့ခ...
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။