အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နံပတ်2
လွန်ခဲ့သော ၁ နာရီ က · ပြည်

စပါး အဖုံးလုံးနေပီ ဘာရောဂါကျနေလည်း မသိ

ပိုးမွှားရောဂါ စပါး
Post image
Post image
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 359,722 လွန်ခဲ့သော ၁ နာရီ က

စပါးဘက်တီးရီးယား ရွက်ခြောက်ရောဂါ (BLB) ကျတာပါ၊ ဒီ ရောဂါသည် Xanthomonas oryzae ဘက်တီးရီးယားကြောင့် ဖြစ်ပွားပြီး စပါးရွက်အဖျားနှင့် အနားများမှတစ်ဆင့် လှိုင်းတွန့်ပုံသဏ္ဍာန် အဝါရောင်၊ အဖြူရောင်ခြောက်သွေ့မှုများ ဖြစ်ပေါ်စေပါတယ်။ ရောဂါကို ထိန်းချုပ်ရန် နိုက်ထရိုဂျင် (ယူရီးယား) မြေဩဇာ ကျွေးခြင်းကို ချက်ချင်းရပ်ဆိုင်း သို့မဟုတ် လျှော့ချရမည်ဖြစ်ပြီး၊ အပင်သန်မာစေရန် ပိုတက်စီယမ်မြေဩဇာ ဖြည့်စွက်ပေးရပါမယ်။ နှင်းရည် သို့မဟုတ် မိုးရေရှိချိန်တွင် အရွက်ချင်းပွတ်တိုက်မိ၍ ရောဂါမပြန့်ပွားစေရန် လယ်ထဲဆင်းခြင်းကို ရှောင်ကြဉ်ရပါမယ်။ ဓာတုဗေဒနည်းအရ နှိမ်နင်းရာတွင် သာမန်မှိုသတ်ဆေးများဖြင့် မရနိုင်ဘဲ ကာဆူဂါမိုင်စင် (Kasugamycin) သို့မဟုတ် ကော့ပါးအောက်ဆီကလိုရိုက် (Copper Oxychloride)၊ Bismerthiazole, Oxolinic acid သို့မဟုတ် Copper hydroxide ကဲ့သို့သော ဘက်တီးရီးယားသတ်ဆေး များကို ၅-၇ရက်ခြားတစ်ကြိမ်စနစ်တကျ ပက်ဖျန်းပေးရပါမယ်။ ဘက်တီးရီးယားရောဂါသည်ကူးစက်မှုမြန်ဆန်တာကြောင့် ‌အချိန်မဆွဲဘဲအမြန်ဆုံးဖျန်းပက်ရပါမယ်၊ဆေးတခါဖျန်းပြီးတိုင်းရောဂါကျအရွက်များ ဆက်လက်ပျံ့ပွားခြင်းရှိမရှိစောင့်ကြည့်ပါ၊ရောဂါကျအရွက်များမပျံ့ပွားတော့ရင် ရောဂါပျောက်ပြီလို့မှတ်ယူရပါမယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။