အပင်တေသေတယ်ပိုးကောင်နဲ့ခြတေဘယ်လိုလုပ်ရမလည်း အပင်အားကောင်းဆေးမသိ
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၁၂ ရက်
- မည်သည့်အပိုင်း ထိခိုက်သနည်း?
- ပင်စည်
လျှော်ဖြူပင်တွင် ကျရောက်နေသော ပိုးကောင်များနှင့် ခြပိုးများကို နှိမ်နင်းရန်အတွက် စိုက်ပျိုးရေးလမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ ဖစ်ပရိုနေး (Fipronil) ပါဝင်သော ပင်လုံးပျံ့ပိုးသတ်ဆေးရည်ကို အပင်ပင်စည်၊ ဒဏ်ရာပေါက်များနှင့် အပင်ခြေရင်းမြေကြီးထဲအထိ စိမ့်ဝင်အောင် သေချာဖျန်းပေးသုံးစွဲလေ့ရှိတယ်။ ထို့နောက် ပိုးစားထားသော ဒဏ်ရာများနှင့် ဓားရာဟောင်းများမှတစ်ဆင့် မှိုရောဂါမဝင်စေရန် ကော့ပါးမှိုသတ်ဆေး (Copper Oxychloride) ကို ပျစ်ပျစ်ဖျော်၍ စုတ်တံဖြင့် သုတ်လိမ်းပေးရပါမယ်။ အပင်အားပြန်ပြည့်လာစေရန်အတွက် အပင်ခြေရင်းကို မြေဆွပြီး နွားချေးဆွေး သို့မဟုတ် မြေဆွေးကို တီစူပါ၊ ပိုတက်ရှ် ဓာတ်မြေဩဇာတို့နှင့် ရောစပ်ကျွေးရမည့်အပြင် အမြစ်အားကောင်းစေရန် ဟူးမစ်အက်ဆစ် ပါသောမြေဩဇာများကိုပါ ထည့်သွင်းအသုံးပြုပေးသင့်ပါတယ်။ အပင်ပြန်လည်ကျန်းမာလာချိန်အထိ အစေးထုတ်ခြင်းကို ခေတ္တရပ်နားထားရန် လိုအပ်ပါတယ်
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
EM ရောစပ်ရန် အချိုးအဆ
ဖြေကြားချက် 1 ခု
ပိုက်စံလျော်ပင် ဘယ်လိုစိုက်ရတာပါလဲ/စျေးကွက်ရောရှိလာ/ဘယ်ရာသီမှာစိုက်ရတာဘာလဲ/မျိုးစေ့ရောဘယ်ကဝယ်ရတာဘာလဲ
ဖြေကြားချက် 2 ခု
ဘာမှပြု့စု့စရာမလို၊ရက်တိုတိုနဲ့ဝင်ငွေရမဲ့နေရာမရွေးစိုက်လို့ရမဲ့အပင်အကြောင်းပြောပြပါ၊
ဖြေကြားချက် 2 ခု
ပျိူးမြေအတွက် စပ်မြေ ဘယ်လိုစပ်ပြီး အသုံးပြုသင့်သလဲ?
ဖြေကြားချက် 3 ခု
ပိုက်ဆံလျော် စိုက်ပျိုးနည်းအကြောင်ပြည်ဲ့ပြည့်စုံစုံသိလိုပါတယ်
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။