ပဲအတွက် လိုအပ်မည့်ဆေးကောင်းများလမ်းညွှန်ပေးပါအုံးဗျ
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- ရာသီဥတု (တစ်ပတ်အတွင်း)
- တိမ်အသင့်အတင့်ဖြစ်ထွန်း
မတ်ပဲစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းစေရန် အပင်သက်တမ်းအလိုက် သွင်းအားစုများကို စနစ်တကျ သုံးစွဲရပါမယ်။ အပင်ငယ်စဉ် သက်တမ်း (၁၅-၃၀ ရက်) တွင် အမြစ်ဆင်းကောင်းပြီး ပင်ပိုင်းကြီးထွားစေရန် နိုက်ထရိုဂျင်နှင့် ဖော့စဖရပ် ပါဝင်မှုများသော ရွက်ဖြန်းဆေးများ (ဥပမာ - ၂၀:၂၀:၂၀) ကို ပေါင်းသတ်ဆေးနှင့် တွဲဖက်သုံးစွဲနိုင်ပါတယ်။ အရေးကြီးဆုံးဖြစ်သော ပန်းပွင့်ဖူးဝင်ချိန်နှင့် သီးကင်းထွက်ချိန် (၃၅-၅၀ ရက်) တွင် အပွင့်မကြွေစေရန် ကယ်လ်စီယမ်-ဘိုရွန် ပါဝင်သော အားဆေးများနှင့်အတူ ပဲပွင့်ထွေးပိုးနှင့် ယင်ဖြူများကို ကာကွယ်ရန် Imidacloprid ကဲ့သို့သော ပင်လုံးပြန့်ပိုးသတ်ဆေးကို ဖြန်းပေးရပါမယ်။ ပဲတောင့်ကြီးပြီး အစေ့တည်ချိန် (၅၀ ရက်နောက်ပိုင်း) တွင်မူ ပဲစေ့အောင်ပြီး အလေးချိန်စီးစေရန် ပိုတက်စီယမ်မြင့်မားသော အားဆေးများကို သုံးစွဲပေးရပါမယ်။ပိုး၊ရောဂါကျမကျအမြဲစောင့်ကြည့်စစ်ဆေးပါ
ဆက်စပ်မေးခွန်းများ
ကျွန်တော့်မတ်ပဲခင်းမှာအလိုအကောင်လေးတွေ့ရလို့ဘာဆေးသုံးရမလည်း ပြောပြကြပါအုံးဆရာတို့ရေ
ဖြေကြားချက် 1 ခု
မတ်ပဲ ရေလိုက်ကြဲမလို့ ပေါင်းသက်ဆေး ထိုးပီ ကြဲလိုက်လို့ အဆင်ပြေမလား ခုတ်ဖုံးလုပ်ဖို့ကျ မြတ်ရမ်းခတွေနဲ့ အဖိုးအခ...
ဖြေကြားချက် 1 ခု
မစိုက်ခင် ထရိုက်ကိုဒါးမားဖြန်းပြီး မျိုးစေ့လူးနယ်ဆေးကို ဓာတုဆေး သုံးလို့ရလား သိချင်ပါတယ်
ဖြေကြားချက် 1 ခု
မတ်ပဲစိုက်ပျိုးစရိတ်နှင့် နည်းလမ်းများ
ဖြေကြားချက် 2 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်...
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။