အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Aung Ko Htet
လွန်ခဲ့သော ၁ နာရီ က · ရွာငံ

လက်ဖက်စိုတန်ဖိုးမြင့်ထုတ်လုပ်နည်းအတွက်လိုအပ်ချက်လေးတွေသိချင်ပါတယ်

စိုက်ပျိုးစီးပွား လက်ဖက်

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 361,285 လွန်ခဲ့သော ၄၃ မိနစ် က

လက်ဖက်အစိုစားသုံးရန်အတွက်ဆို လက်ဖက်စိုကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြောင်းလဲရန်အတွက် ဦးစွာပထမ ဒေသထွက် အရည်အသွေးမီ လတ်ဆတ်သော လက်ဖက်ညွန့်ကုန်ကြမ်း ကို စနစ်တကျ ရွေးချယ်ရပါမယ်။ လုပ်ငန်းစဉ်တွင် အစိမ်းရောင်နှင့် အသားနူးညံ့မှု ထိန်းသိမ်းနိုင်မည့် ပေါင်းစပ်နည်းပညာ၊ သန့်ရှင်းစိတ်ချရသော အချဉ်ဖောက် (လက်ဖက်နှပ်) မှုစနစ်နှင့် ညစ်ညမ်းမှုကင်းသော ခေတ်မီစက်ကိရိယာများ (ဥပမာ - Vacuum ထုပ်ပိုးစက်) လိုအပ်တယ်။ စျေးကွက်အတွင်း ယုံကြည်မှုရရှိစေရန် FDA ထောက်ခံချက် နှင့် ခိုင်မာသော အမှတ်တံဆိပ် (Branding) တည်ဆောက်ခြင်း၊ ခေတ်မီဇစ်ပိတ်အိတ် သို့မဟုတ် ဖန်ပုလင်းများဖြင့် ဆွဲဆောင်မှုရှိရှိ ထုပ်ပိုးခြင်းတို့သည် အဓိက လိုအပ်ချက်များ ဖြစ်ပါတယ်

သော်ဇင်
သော်ဇင် 361,285 လွန်ခဲ့သော ၄၅ မိနစ် က
You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။