အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Cho Cho Win
Cho Cho Win 363
လွန်ခဲ့သော ၁ လ က · အမရပူရ

အရွက်တွေ ဝါနေလို့ ဘာဆေးသုံးရတာလဲ မသိလို့ပါ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၁၅၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့် နေသာ
ပိုးမွှားရောဂါ သင်္ဘော
Post image
Post image
Post image

ဖြေကြားချက် ၅ ခု

သော်ဇင်
သော်ဇင် 443,042 လွန်ခဲ့သော ၁ လ က
ဤအဖြေဖြင့် ပြေလည်

သင်္ဘောပင် မိုဆိတ်ဗိုင်းရပ်စ်သည် စိုက်ခင်းအတွင်း ကူးစက်ပြန့်ပွားမှု အလွန်မြန်ဆန်ပါတယ်။ ရောဂရအပင်၏ ကြားထဲမှ ဖြတ်သန်းသွားလာခြင်း၊ ကိုင်တွယ်ခြင်းနှင့် ဓား၊ ကတ်ကြေး စသည့် စိုက်ပျိုးရေးသုံး ကိရိယာများကို အတူတူ သုံးစွဲခြင်းတို့မှတစ်ဆင့် အပင်ရည်ချင်း ထိစပ်ကာ ကူးစက်နိုင်သလို၊ပျနှင့် ယင်ဖြူများ ကိုက်ဖြတ်ရာမှလည်း အခြားအပင်ကောင်းများဆီသို့ အလွယ်တကူ ကူးစက်ပါတယ်။ ဤရောဂါသည် အသီးကို တိုက်ရိုက် ထိခိုက်စေပြီး အသီးများ ပုံပျက်ပန်းပျက်ဖြစ်ခြင်း၊ သေးညှက်ခြင်း၊ အခွံပေါ်တွင် အစိမ်းရင့်ရောင် အကွင်းအစက်များ သို့မဟုတ် မညီညာသော အရောင်များ ဖြစ်ပေါ်ခြင်းနှင့် အရသာ ပေါ့ပျက်သွားခြင်းတို့ ဖြစ်တတ်ကာ စျေးကွက်ဝင် အသီးထွက်ရှိမှုကို လုံးဝ ပျက်စီးစေနိုင်ပါတယ်။အခုပုံပါအပင်ကတော့ အရမ်းမဆိုးသေးလို့ စောင်ကြည့်လိုက်ပါဦး၊ နောက်တစ်ပင်လုံးဝါလာခဲ့ပြီဆိုရင်တော့ ဖယ်ရှားလိုက်ပါ

Cho Cho Win
Cho Cho Win 363 လွန်ခဲ့သော ၁ လ က

ကူးစက်နိုင်လား သဘော်သီးကို ထိခိုက်နိုင်လား

သော်ဇင်
သော်ဇင် 443,042 လွန်ခဲ့သော ၁ လ က
Saw Jack
Saw Jack 33 လွန်ခဲ့သော ၁ လ က

ပပုပ်ဘယ်ချိန်စိုက်ရမလဲ

သော်ဇင်
သော်ဇင် 443,042 လွန်ခဲ့သော ၁ လ က

ပုံပါသင်္ဘောရွက်တွင် အရွက်များ စိမ်းဝါရောင် ကွက်ကြားဖြစ်နေခြင်းမှာ သင်္ဘောပင် မိုဆိတ်ဗိုင်းရပ်စ် (Papaya Mosaic Virus) ကျရောက်နေသည့် လက္ခဏာ ဖြစ်ပါသည်။ ဤဗိုင်းရပ်စ်ရောဂါသည် အပင်ဆဲလ်ထဲအထိ ကူးစက်သွားခြင်းဖြစ်၍ ဓာတုဆေးဝါးဖြင့် တိုက်ရိုက်ကုသ၍ မရနိုင်ပါ။ ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် ရောဂါရနေသော အပင်များကို အမြစ်ပါမကျန် နှုတ်ယူမီးရှို့ဖျက်ဆီးရပါမည်။ ထို့ပြင် ရောဂါသယ်ဆောင်ပေးသည့် ပျနှင့် ယင်ဖြူများကို ကာကွယ်ရန် စိုက်ပျိုးရေးလမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ပင်လုံးပြန့်ပိုးသတ်ဆေးများ ဖြစ်ကြသော အီမီဒါကလိုပရစ် (Imidacloprid) သို့မဟုတ် အက်စီတာမီပရစ် (Acetamiprid)) ကို စနစ်တကျ ပက်ဖျန်း သုံးစွဲလေ့ရှိတယ်။သင်္ဘောစိုက်ခင်းအနီးတွင် ဗိုင်းရပ်စ်အလွယ်တကူ ကူးစက်နိုင်သည့် ဖရဲ၊ သခွား၊ ဘူး၊ ဖရုံ စသည့် ဗူးသခွားမျိုးရင်းဝင် အပင်များ တွဲဖက်စိုက်ပျိုးခြင်းကို လုံးဝရှောင်ကြဉ်ရပါမယ်။ရောဂါဒဏ် ခံနိုင်ရည်ရှိစေရန် ဇင့် (Zinc)၊ မဂ္ဂနီဆီယမ် (Magnesium) နှင့် ဘိုရွန် (Boron) ကဲ့သို့ အနည်းလိုအာဟာရ ရွက်ဖျန်းမြေသြဇာများကို ပက်ဖျန်းပေးခြင်းဖြင့် အပင်၏ ခုခံအားကို မြှင့်တင်ပေးနိုင်ပါတယ်။ ရောဂါကျပြီးသားအပင်ကတော့ပြန်မကောင်းတော့ပါဘူး။ မိမိကိုယ်တိုင်ဖယ်သင့်၊မဖယ်သင့်ကိုတော့ သေချာစဉ်းစားပြီးဆောင်ရွက်နိုင်ပါတယ်

You

ဆက်စပ်မေးခွန်းများ

နံမည်ကြီးဆေးဆိုင်ကဆေးအတုရောင်းလိုက်လို့သေချာဂရုစိုက်ထားတဲ့သင်္ဘောခင်းလေးဆေးအစိတ်သင့်ပြီးလောင်ကုန်တယ်ဗျာ🥺

ဖြေကြားချက် 6 ခု

ဆရာကြီးခင်ဗျ သင်ဘောစိုက်ခင်း ၇လ သား​ရှိနေပါပြီ အခု မြစ်ရေဝင်သွားလို့ ပျက်စီးသွားပါပြီး အဲ့ဒီနေရာမှာပဲ သင်္ဘော...

ဖြေကြားချက် 2 ခု

သဘ်ောပင် ရေနာသွားရင် ဘာလုပ်သင့်လည်း ခင်ဗျ အရွက်လေးတွေ နည်းနည်းဝါ သွားတယ် ခင်ဗျ

ဖြေကြားချက် 2 ခု

ယခုအဖြစ်များနေတဲ့ သင်္ဘောပင်ရောဂါအ​ကြောင်း မျှဝေပေးပါအုန်း ဆရာတို့ ကာကွယ်ကုသနိူင်သလား။ ဘယ် Ai တွေနဲ့ ထိန်း...

ဖြေကြားချက် 1 ခု

သင်္ဘောပင်အသီးမတင်လို့ အသီးဒီအရွက်ရောက်တာနဲ့ပုတ်ပြီးကျွေကျသွားရောဘာကြောင့်ပါလဲခမျာ ဘယ်လိုလုပ်ရအလဲ...

ဖြေကြားချက် 4 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။