ဖြေကြားချက် ၁ ခု
စပါးနှံစုပ်ပိုး (Rice Earbug) သည် စပါးပန်းပွင့်ချိန်မှ နို့ရည်ခဲစပြုချိန်အထိ စပါးစေ့အတွင်းရှိ အာဟာရများကို စုပ်ယူဖျက်ဆီးသဖြင့် စပါးနှံများ အရောင်ပျက်ခြင်းနှင့် စပါးဖျင်းများ အဖြစ်များစေကာ အထွက်နှုန်း ၃၀% မှ ၅၀% အထိ ဆုံးရှုံးစေနိုင်ပါတယ်။ အဆိုပါပိုးကို ကာကွယ်ရန်အတွက် ကန်သင်းရိုးရှိ ပေါင်းမြက်များကို စနစ်တကျရှင်းလင်းခြင်း၊ စပါးရုံ (၂၀) လျှင် ပိုးကောင်ရေ (၁၀) ကောင်ထက်ကျော်ပါကစိုက်ပျိုးရေးလမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ ဖစ်ပရိုနေးလ် (Fipronil) သို့မဟုတ် အဆီတာမီပရစ် (Acetamiprid)ကဲ့သို့သော ဓာတုဆေးများကို အသုံးပြုလေ့ရှိတယ်။ နှံစုပ်ပိုးများသည် နေ့ခင်းဘက်တွင် အပင်ခြေ၌ ပုန်းအောင်းနေတတ်သဖြင့် ၎င်းတို့ စပါးနှံပေါ်တက်ရောက်စားသောက်သည့် နံနက်စောစော သို့မဟုတ် ညနေ နေအေးချိန်တွင် ဆေးဖျန်းလေ့ရှိတယ်
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဒီစပါး ၃ မျိုးက ဘာ ဖြစ်တာလဲ ရောဂါးကြောင့်လား ပိုးလား ဘယ်တီးရီးယားကြောင့်လား 1 စပါးက စပါးမိုးသီး လား 2က အဖျစ်...
ဖြေကြားချက် 5 ခု
စပါးအဖုံးထွက်ချိန်နှံစုပ်ဂျပိုးအန္တရာယ်ကိုဘယ်ဆေးသုံးရင်ကောင်းမလဲ
ဖြေကြားချက် 2 ခု
စပါးခင်းအရွက်တွင်ကပ်နေလို့ ဘာပိုးဥလဲခဗျာ
ဖြေကြားချက် 1 ခု
10. လပိုင်း 15. 16. မျိုးချချင်လို့။ မိုးလေဝသနဲ့။ ပျိုးရက်ကောင်းလားဆရာ။ ဖြေပေးပါအုန်း။ ကျေးဇူးပြုပီး
ဖြေကြားချက် 7 ခု
ဘာပိုးကျတာလဲခင်ဗျာမှိုရောဂါဖစ်တာလားခင်ဗျာ
ဖြေကြားချက် 2 ခု
ရေပန်းစားသော အကြောင်းအရာများ