အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နံပတ်2
လွန်ခဲ့သော ၄ နာရီ က · ပြည်

မိုးကုန်ပီလား ရွာနိင်ခြေ ရှိသေးလား ပဲခူး လယ်တေက အခုမှ အဖုံးအလုံး ရှိသေးလို့ဗျ

အပင်အာဟာရ စပါး

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 365,728 လွန်ခဲ့သော ၃ နာရီ က

အောက်တိုဘာလ (မိုးနှောင်းကာလ) သည် မိုးရွာသွန်းမှု လျော့နည်းသွားသော်လည်း မိုးလုံးဝပြတ်စဲသွားခြင်း မရှိသေးဘဲ ဘင်္ဂလားပင်လယ်အော် လေဖိအားနည်းရပ်ဝန်းများကြောင့် မိုးထပ်မံရွာသွန်းနိုင်ခြေ ရှိတော့ရှိပါသေးတယ်၊ ပဲခူးဒေသရှိ တောင်သူကြီး၏ စပါးခင်းမှာ အခုမှ "ဖုံးလုံးချိန်" အဆင့်သာ ရှိသေးသဖြင့် ဤအချိန်တွင် ရေပြတ်လပ်ပါက စပါးနှံမထွက်ခြင်းနှင့် အဖျင်းများခြင်းတို့ ဖြစ်ပေါ်နိုင်သည့် အရေးကြီးဆုံးကာလ ဖြစ်တယ်။ ထို့ကြောင့် မိုးရွာသွန်းမှုကို မျှော်လင့်ရင်း ကန်သင်းရိုးများ ပိတ်၍ ရေစုဆောင်းထားရန် လိုအပ်သလို၊ မိုးပြတ်သွားပါကလည်း ချောင်းမြောင်းနှင့် အဝီစိတွင်းများမှတစ်ဆင့် ရေစုပ်စက်ဖြင့် ရေသွင်းနိုင်ရန် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။