အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နံပတ်2
လွန်ခဲ့သော ၄ နာရီ က · ပြည်

သဲဆန်တဲ့ လယ်မြေမှာ မတ်ပဲ စိုက်ရပါသလား အရင်တုန်းက စိုက်ဖူးတဲ့ လူတေက မရဘူး ပြောနေလို့ ဆယ်ရေ မရပါဘူး စမ်းဆုပ် မြန်လို့တဲ့ အပင်တေ သေကုန်တယ်တဲ့

စိုက်ပျိုးနည်း မတ်ပဲ

ဖြေကြားချက် ၂ ခု

ကိုအောင်မျိုး
ကိုအောင်မျိုး 367 လွန်ခဲ့သော ၃ နာရီ က

ဟုက်မှသိပ်ဟုက် သွားမလုပ်နဲ့ မြေပဲစမ်းစိုက်ကြည့်

သော်ဇင်
သော်ဇင် 365,728 လွန်ခဲ့သော ၃ နာရီ က

သဲဆန်သော လယ်မြေတွင်ပြုပြင်မယ်ဆိုရင် မတ်ပဲကို အောင်မြင်စွာ စိုက်ပျိုးနိုင်ပါတယ်။ ပုံပါပြဿနာမှာ သဲမြေ၏ ရေထိန်းအားနည်းမှုကြောင့် အစိုဓာတ် အမြန်ဆုံးခြောက်သွေ့ကာ ပဲပင်ငယ်များ ရေငတ်သေဆုံးရခြင်း ဖြစ်တယ်။ ၎င်းကို ကျော်လွှားရန်အတွက် မြေပြင်ချိန်တွင် နွားချေးဆွေးနှင့် ဖွဲပြာကို များများထည့်၍ မြေဆီလွှာပြုပြင်ရပါမယ်။ စိုက်ပျိုးပြီးပါကလည်း နေရောင်ကြောင့် ရေငွေ့ပျံမှုကို တားဆီးရန် ကောက်ရိုး သို့မဟုတ် မြက်ခြောက်ဖြင့် မြေဖုံးအုပ်ပေးရပါမယ်။ ရေသွင်းရာတွင် တစ်ကြိမ်တည်း အများကြီးမသွင်းဘဲ နည်းနည်းနှင့် ခပ်စိပ်စိပ် သွင်းပေးခြင်း၊ အပင်ငယ်စဉ် ရွက်ဖျန်းမြေဩဇာ ကျွေးခြင်းတို့ဖြင့် မတ်ပဲကို အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ပါတယ်။ မြေမပြင်ပဲစိုက်ပျိုးမယ်ဆိုရင်တော့ ‌ရေသွင်းရာတွင် တစ်ကြိမ်တည်း အများကြီးမသွင်းဘဲ နည်းနည်းနှင့် ခပ်စိပ်စိပ် သွင်းပေးမယ်ဆိုရင်တော့အသေအပျောက်နည်းပြီးအောင်မြင်နိုင်ပါတယ်ခင်ဗျာ၊ သဲဆန်တဲ့မြေကသဲအရမ်းဆန်လွန်းရင်တော့ အခုလာမယ့်အယ်လ်နီညိုရာသီဥတုဖြင့်ဆိုရင်တော့ အောင်မြင်နိုင်ခြေနည်းတာတော့အမှန်ပါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။