အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Sawsamson
Sawsamson 451
လွန်ခဲ့သော ၃ နာရီ က · ထန်းတပင်

မတ်ပဲအပင်ကြဲသွားလို့ အပင်ကြီးပြီးပြန်ပိတ်သွားအောင်ဘာဆေးသုံးသင့်လဲ အထွက်နှုန်းတစ်အားမလျော့အောင်

စိုက်ပျိုးနည်း မတ်ပဲ

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 372,766 လွန်ခဲ့သော ၂ နာရီ က
ဤအဖြေဖြင့် ပြေလည်

မတ်ပဲပင် ပေါက်ကြဲပါက အလင်းရောင်နှင့် အာဟာရ ပိုမိုရရှိသဖြင့် အပင်အထက်သို့ အဆမတန် ရှည်ထွက်ပြီး အဆစ်ကျဲကာ အကိုင်းအခက် နည်းသွားတတ်ပါတယ်။ ထိုသို့ မဖြစ်စေရန်နှင့် အပင်ကို ဘေးကိုင်းဖြာပြီး အုပ်ဆိုင်း (အရွက်ပိတ်) သွားစေရန် သက်တမ်း (၂၅) ရက်မှ (၃၅) ရက် (ပန်းမပွင့်မီကိုင်းဖြာချိန်) တွင် အပင်ကြီးထွားမှုမြန်‌ စေရန်အမိုင်နိုအက်စစ်နှင့် N,P,Kရွက်ဖျန်းအား ဆေးများ ‌တွဲဖျန်းပေးပါ။ ထို့ပြင် အထွက်နှုန်းမလျော့စေရန်ပန်းပွင့်ချိန်တွင် ပန်းပွင့်အသီးတင်အားကောင်းစေမည့် NPK 0-52-34 ကဲ့သို့ ဖော့စဖရပ်နှင့် ပိုတက်စီယမ် မြင့်မားသော ရွက်ဖျန်းမြေဩဇာနှင့် ဘိုရွန် (Boron) ဓာတ်တို့ကိုပါ တွဲဖက်ပက်ဖျန်းပေးသင့်ပါတယ်။

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။