အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
kyawlin soe
လွန်ခဲ့သော ၁ နာရီ က · ရမည်းသင်း

ဆိတ် အတွက်စိုက်ပျိုးရေးမြက်ကြွေးမယ်ဆိုရင် ဘယ်မြက်အဆင်ပြေမလဲဗျ ဘယ်မြက်ကသင့်တော်နိုင်လဲဗျ

အာဟာရဗေဒ ဆိတ်

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 372,970 လွန်ခဲ့သော ၂၃ မိနစ် က

ဆိတ်မွေးမြူရေးအတွက် စိုက်ပျိုးကျွေးမွေးရန် အကောင်းဆုံးနှင့် အသင့်တော်ဆုံး မြက်အမျိုးအစားကနေပီယာမြက်ပါ။ နေပီယာမြက်သည် အထွက်နှုန်း ကောင်းမွန်ပြီး စွမ်းအင်ဓာတ် ကြွယ်ဝသော်လည်း အရိုးများ မာမသွားစေရန် အပင်နုစဉ် (၃ ပေမှ ၄ ပေခန့်) တွင် ရိတ်သိမ်းပြီး စင်းစက်ဖြင့် နုပ်နုပ်စင်းကျွေးခြင်း ဖြင့် အစာလေလွင့်မှုကို လျှော့ချရပါမယ်။ အရွက်နူးညံ့သည့် မြက်ဆိုဆိတ်များ အလွန်ကြိုက်နှစ်သက်ပြီး အစာခြေဖျက်မှုကို အထောက်အကူပြုပါတယ်။ သို့သော် ဆိတ်သည် နွားကဲ့သို့ မြက်သက်သက်ဖြင့် မလုံလောက်ဘဲ ပရိုတင်းဓာတ် ပိုမိုလိုအပ်သဖြင့် ပဲမျိုးနွယ်ဝင် အစာပင်များနှင့် ဘောစကိုင်းရွက် တို့ကို ခြံဘေးတွင် တွဲဖက်စိုက်ပျိုးသင့်ပါသေးတယ်။မိမိ ဒေသဆီမှာရှိသည့် အနုဆုံးမြက်ကဘာလဲဆိုတာစဉ်းစားကြည့်ပါဗျ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။