ဖြေကြားချက် ၁ ခု
သိပ္ပံနှမ်းနက် (စမုံနက်) သက်လျင်မျိုးသည် လင်းတာမတုံ့ပြန်သောမျိုး ဖြစ်သဖြင့် ရာသီမရွေး စိုက်ပျိုးနိုင်ပြီး သမရိုးကျနှမ်းကြီးများကဲ့သို့ နေ့တာတိုမှ ပန်းပွင့်သော အလင်းရောင်တုံ့ပြန်မှု မရှိပါဘူး။ ထို့ကြောင့် မြေတွင်းအစိုဓာတ်လုံလောက်မှု သို့မဟုတ် စိုက်ပျိုးရေရရှိမှုအပေါ် မူတည်၍ ယခု အောက်တိုဘာလ (မိုးနှောင်း/ဆောင်းဦး) တွင် စိုက်ပျိုးရန် သင့်တော်ပြီး အောင်မြင်နိုင်ပါတယ်။ သို့သော်လည်း အသက်ရက် ၈၀-၈၅ ရက်သာရှိသော ဤမျိုးကို စိုက်ပျိုးရာတွင် ဆောင်းအအေးဓာတ် အလွန်မပြင်းမီ အောင်မြင်စေရန် အောက်တိုဘာလလယ်ထက် နောက်မကျဘဲ အမြန်ဆုံးစိုက်ပျိုးရန် လိုအပ်ပြီး၊ ညဉ့်အပူချိန် ၄ ဒီဂရီစင်တီဂရိတ်အောက် ကျဆင်းပါက ကြီးထွားမှု ထိခိုက်နိုင်သည်ကို သတိပြုရပါမယ်။ ထို့ပြင် မိုးနှောင်းမိုးကြောင့် ရေမဝပ်စေရန် ရေနုတ်မြောင်းများ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
နှမ်းခင်းပုလဲကျွေးခြင်လို့ဘယ်ချိန်မှာကျွေးရမလဲ?တဧကကိုဘယ်နပြည်ကျွေးရလဲဗျ
ဖြေကြားချက် 3 ခု
စမုံနက်နှမ်းမျိုးက ဆောင်းမှာစိုက်လို့ရလား
ဖြေကြားချက် 1 ခု
ဆောင်မှာစိုက်မှာမိုး ဘယ်နှမ်းမျိုတွေစိုက်ရင်ကောင်မလည်ခင်များ ပြောပေပါအုံးခင်များ
ဖြေကြားချက် 3 ခု
မင်္ဂလာပါခမျာ မြိုင်မြို့နယ်ကပါဗျ။ ပီးခဲ့တဲ့ စက်တင်ဘာ 13 ရက်နေ့ကစိုက်ထားတာပါဗျ။ပုလဲဓာတ်မြေဩဇာတကြိမ်တော့ပတ်ထား...
ဖြေကြားချက် 7 ခု
နှမ်းပင်ပေါက်လေးတွေပါ ပိုးတွေကျနေလို့ပါ ဘာပိုးသတ်ဆေး ဖြန်းရမလဲ ဘာပိုးကောင်လဲ ဘယ်လိုအကေါင်က ပေါက်တာလဲ
ဖြေကြားချက် 1 ခု