အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
moe min aye
moe min aye 352
လွန်ခဲ့သော ၁ နာရီ က · ကျောင်းကုန်း

ပဲတီစိမ်းခုတ်ဖုံးအတွက်နည်းလမ်းလေးမျှဝေပေးပါဆရာ

စိုက်ပျိုးနည်း ပဲတီစိမ်း

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 375,250 လွန်ခဲ့သော ၃၂ မိနစ် က

ခုတ်ဖုံးပဲတီစိမ်းကတော့ စပါးရိတ်ပြီး မြေ အစိုဓာတ်ရှိနေချိန်မှာ မျိုးစေ့ပဲကို ရိုးပြတ်ထဲ မှာ ပေါက်ကြဲကြဲခြင်း ဖြစ်ပါတယ်။ ပြီးရင် ရိုးပြတ်တွေကို ဓားနဲ့ခုတ်ပြီး ပဲစေ့ပေါ်မှာ ဖုံး ပေးတာဖြစ်တဲ့အတွက် ခုတ်ဖုံးပဲလို့ခေါ်တာ ဖြစ်ပါတယ်။ ရေလိုက်နဲ့ ခုတ်ဖုံးပဲဟာ မြေယာပြုပြင်စရာမလိုဘဲ ထယ်ရေးမဲ့စနစ် ဖြစ်တဲ့အတွက် ကုန်ကျစရိတ်သက်သာပြီး ပဲ ထွက်လည်းကောင်းတာ တွေ့ရပါတယ်။ ဒါ ပေမယ့် အစိုဓာတ်မိဖို့အတွက် စိုက်ချိန်မှန် အောင် အထူးဂရုပြုဖို့ လိုပါတယ်။ ✅ ရေလိုက်နဲ့ ခုတ်ဖုံးပဲ စိုက်ပျိုးမယ်ဆိုရင် သဲဆန်လွန်းတဲ့မြေ၊ အစိုဓာတ်မထိန်းနိုင်တဲ့ မြေတွေမှာ မစိုက်ပျိုးသင့်ပါဘူး။ ကိုင်း၊ ကျွန်းမြေ တွေမှာမူ မိုးရာသီ ရေလွှမ်းနုန်းပုံပြီး ရေပြန် ကျသွားတဲ့အခါ ကိုင်း၊ ကျွန်း ပဲတီစိမ်းအဖြစ် စိုက်ပျိုးကြပါတယ်။ သီးထပ်ပဲတီစိမ်း မဟုတ်ပါ။ ရေလိုက်ပဲတီစိမ်းနဲ့ ခုတ်ဖုံးပဲတီ စိမ်း စိုက်ပျိုးမယ်ဆိုရင် စပါးအောင်ရေ လွှတ်ချိန်မှာ တီစူပါမြေဩဇာ အိတ်ဝက်ကို စပါးခင်းမှာ ပဲအတွက် ကြိုတင်ပက်ကြဲထား ဖို့လိုပါတယ်။ မျိုးစေ့နှုန်းကို ၁၀-၁၂ ပြည် လောက် အသုံးပြုဖို့ လိုအပ်ပါတယ်။

You

ဆက်စပ်မေးခွန်းများ

ပဲတစ်ခါမှမလုပ်ဖူးတဲ့လယ်မြေမှာပဲလုပ်ရင် အဆင်ပြေပါမလဲ မတ်ပဲလားပဲဒီစိမ်း လား.

ဖြေကြားချက် 3 ခု

ဆရာရေအီးအမ်နဲ့ထရိုက်ကိုဒါးမားကိုပဲမကြဲခင်ရိုးဖြတ်ကိုဖြန်းခြင်းအားဖြင့်ရွေးချယ်မဲ့မြဖန်းပဲရလားခဗျ။ဖြန်းပြိးဘယ်န...

ဖြေကြားချက် 1 ခု

15ရက်သားပါမှိုဆေးနှင့်ဂျာပေါင်းသတ်ဆေးဘာအရင်ဖြန်းသင့်လဲး

ဖြေကြားချက် 1 ခု

ပဲတီစိမ်း(ဝါးခယ်မ)စိုက်ပျိုးရာတွင် အပွင့်ဝင်ချိန်ပဲပင်များ ​သေဆုံးရသည့် ကိုကာကွယ်နိုင်မည့် နည်းလမ်းများကို သိ...

ဖြေကြားချက် 2 ခု

ပဲတီစိမ်း(ဝါးခယ်မ)စိုက်ပျိုးရာတွင် အပင််များအပွင့်ဝင်ချိန်မှ စတင်​သေဆုံးရသည့် အ​ကြောင်းအရင်းကို သိချင်ပါတယ်ခင်...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။