အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သန်းထိုက်အောင်
လွန်ခဲ့သော ၇ နာရီ က · ချောက်

ပန်းပွင့်ချိန်မှာ..ငါးအမိုင်နို...အင်ဇိုင်းအပွင့်အသိးတင်ဆေး...လက်ချားမုန့်တို့ရောပြီးပတ်လိုအဆင်ပြေနိင်လားဗျ.....အဲထဲဘိတာစိလိုပိုးသတ်ဆေးထည့်ရင်ကောရမလားဗျ....

ပိုးမွှားရောဂါ ပဲစင်းငုံ

ဖြေကြားချက် ၃ ခု

သန်းထိုက်အောင်
သန်းထိုက်အောင် 1,370 လွန်ခဲ့သော ၁၆ မိနစ် က

လက်ချား.4ဇွန်းလောက်.အင်ဇိုင်းအားဆေး(FFJ).100Ccလောက်.ငါအမိုင်နို.50Ccလောက်နဲ့စမ်းကြည့်ရင်ကောအပင်လောင်နိင်ခြေများလားဆရာ...

သော်ဇင်
သော်ဇင် 378,019 လွန်ခဲ့သော ၆ နာရီ က

လက်ချားကလည်း နှုန်းထားမမှန်ကန်ရင်အပင်လောင်ပါတယ်၊အင်ဇိုင်းအားဆေးကလည်း နှုန်းထားမမှန်ရင်‌အပင်လောင်တတ်ပါတယ်၊ထို့ကြောင့် ဧရိယာအနည်းငယ်စမ်းသပ်ဖျန်းပြီး အပင်အတွက် စိတ် ချရမှသာ ရောစပ်ပက်ဖျန်းဖို့ထပ်မံတိုက်တွန်းလိုပါတယ်ခင်ဗျာ၊ မစမ်းသပ်ချင်ဘူးဆိုရင်တော့ ရောမဖျန်းတာအကောင်းဆုံးပါ၊ပန်းပွင့်ချိန်ဖြစ်လို့ ညနေခင်းသာဖျန်းပါ

သော်ဇင်
သော်ဇင် 378,019 လွန်ခဲ့သော ၆ နာရီ က

ပဲစဥ်းငုံပန်းပွင့်ချိန်တွင် ဘီတာဆိုင်ပါမီသရင် (Betacypermethrin) ပိုးသတ်ဆေး၊ ငါးအမိုင်နိုအက်စစ်၊ အင်ဇိုင်းအသီးအပွင့်အားဆေး (FFJ) နှင့် လက်ချားအမှုန့် (ဘိုရွန်ဓာတ်) တို့ကို ဆေးပုံးတစ်ပုံးတည်းတွင် အတူတကွ ရောစပ်ပက်ဖျန်းနိုင်ပါတယ်။ ဤသို့ရောစပ်ခြင်းဖြင့် ပိုးမွှားများကို နှိမ်နင်းနိုင်ရုံသာမက ပဲစဥ်းငုံပန်းပွင့်အားကောင်းစေပြီး အဖူးအပွင့်ကြွေခြင်းကို သက်သာစေကာ အသီးတင်နှုန်းကို တိုးတက်စေပါတယ်။ သို့သော် ပန်းပွင့်ချိန်သည် နုနယ်သဖြင့် ဆေးနှုန်းထားများကို အလွန်အကျွံမသုံးစွဲရန်နှင့် အပင်လောင်ခြင်းမှ ကာကွယ်ရန်အတွက် ညနေစောင်း နေအေးချိန် တွင်သာ ပက်ဖျန်းပေးရန် အထူးလိုအပ်ပါတယ်။စိုက်ခင်းအန္တရာယ်ကင်းမှုသေချာစေရန် ဧရိယာအပင်အနည်းငယ်ကိုစမ်းသပ်ဖျန်းပြီးမှ အပင်မလောင်ဘူးဆိုမှအသုံးပြုစေချင်ပါတာ်ခင်ဗျာ။ဧရိယာအနည်းငယ်အပင်အနည်းငယ်မစမ်းသပ်ဘဲဖျန်းမယ်ဆိုရင်တော့ အပင်လောင်နိုင်ခြေများပါလိမ့်မယ်ခင်ဗျာ

You

ဆက်စပ်မေးခွန်းများ

အင်ဇိုင်းသဘာဝအပွင့်အသိးတင်အားဆေးရည်နဲ့လက်ချား(ဘိုရွန်)ရောဖျန်းလို့အဆင်ပြေနိင်လားဗျ...ဓာတုဆေးတွေကိုလိုအပ်မှပဲ...

ဖြေကြားချက် 1 ခု

ပဲစင်းငုံကို.အင်းဇိုင်းဆေးပတ်တာနဲ့.ငါးအမိုင်နိုပတ်တာဘယ်ဟာပိုပြီးအဆင်ပြေနိင်လဲဗျ...1မျိုးဆီပတ်တာနဲ့...2မျိုးရော...

ဖြေကြားချက် 2 ခု

ကိုယ်တိုင်လုပ်ထားတဲ့ငါးအမိုင်နို+အင်ဇိုင်းအပွင့်အသိးတင်ဆေးနဲ့+တမာပိုးပြေးဆေးကိုရောပတ်လို့အဆင်ပြေနိင်လားဗျ...အ...

ဖြေကြားချက် 2 ခု

အင်ဇိုင်းအားဆေးရည်လုပ်ဖို့.သဘော်သိးကမရလို့....ငှက်ပြောသိး..ပန်းသစ်သော်သိး.ဖရဲသိးနဲ့လုပ်လို့ရလားဗျ...အခွံတွေကော...

ဖြေကြားချက် 2 ခု

အင်ဇိုင်းအသိးအပွင့်အားဆေးကို.အခုပှစပြီးဖော်ထားခြင်လို့.ငှက်ပြောသိး.1.20သားသဘော်သီး.1.20.စပျစ်သိး.1.20.ထန်းလျက်...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။