ဖြေကြားချက် ၂ ခု
ငှက်ပျောပင်ကို မေလ (မိုးဦးစိုက်) နှင့် နိုဝင်ဘာလ (မိုးနှောင်း/ဆောင်းစိုက်) တိုတွင် စိုက်ပျိုးရန် အသင့်တော်ဆုံး ဖြစ်ပါတယ်။ မေလတွင် စိုက်ပျိုးပါက သဘာဝမိုးရေကို ရရှိသဖြင့် အပင်အမြစ်စွဲမြန်ပြီး ကြီးထွားမှု ကောင်းမွန်သော်လည်း ရေမဝပ်စေရန် ရေနုတ်မြောင်းစနစ် စနစ်တကျ ပြင်ဆင်ထားရန် လိုအပ်ပါတယ်။ နိုဝင်ဘာလတွင် စိုက်ပျိုးပါက ရာသီဥတုမျှတပြီး ရောဂါပိုးမွှား ကျရောက်မှု နည်းပါးသော်လည်း နွေရာသီအထိ အပင်ရှင်သန်နိုင်ရန် စိုက်ခင်းအတွင်း ရေသွင်းရေဖျန်းစနစ် အလုံအလောက် အဆင်သင့်ရှိနေဖို့ အရေးကြီးပါတယ်။ စိုက်ပျိုးရာတွင် ရေစီးဆင်းမှုကောင်းသော နုန်းမြေကို ရွေးချယ်ပြီး၊ စိုက်ကျင်းထဲ၌ သဘာဝမြေဆွေးကို စနစ်တကျ ခံ၍ စိုက်ပျိုးသင့်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ငှက်ပျောချဥ်ပင်ပိုးကျလို့အကုန်လုံးကိုခုတ်ပစ်လိုက်ပါတယ်။အခုပြန်လည်အသစ်ထွက်နေပါပြီ။အခိုးအသစ်ထွက်နေတဲ့အဲဒီအပင်လေး...
ဖြေကြားချက် 1 ခု
ငပျောပင်ကြီးခုတ်လိုက်လို့ ထပ်ပေါက်လာတဲ့ ငှက်ပျောပင်လေးတွေကို ရွေ့စိုက်လို့ရလား? ထားမယ်ဆိုရင်ရော ဘယ်နှစ်ပင်သင့်...
ဖြေကြားချက် 1 ခု
ပူတာအိုဒေသမှာ ဘယ်လိုငှက်ပျောသီးစိုက်ပျိုးရင်ဖြစ်ထွန်းမလည်း။ စိုက်ပျိုးနည်း လည်းအသေးစိတ်လမ်းညွန်ပေးပါ။ ငှက်ပြော...
ဖြေကြားချက် 2 ခု
ငှက်ပျောမှာ ဆင်ပိုးကျတာ ဘယ်လိုလုပ်ရမလဲ။
ဖြေကြားချက် 0 ခု
အပင်အနေအထား အဟာရ မြေပြုပြင်မူ့ ဘာလိုပါသလဲ
ဖြေကြားချက် 1 ခု