အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
myominrun
myominrun 28
လွန်ခဲ့သော ၁ ရက် က · လယ်ဝေး

ဘာလိုအပ့်လဲ များများပဲအောင်

အပင်အာဟာရ မြေပဲ
Post image

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 383,696 လွန်ခဲ့သော ၁ ရက် က

မြေပဲဥများများဥပြီး အဆံအောင်ရန်အတွက် အဓိကလိုအပ်သော ဓာတ်မှာ ကယ်လ်စီယမ်ဓာတ် (ဂျစ်ပဆမ်) ဖြစ်ပြီး ၎င်းကို ပန်းပွင့်ချိန် သို့မဟုတ် စွယ်ဆင်းချိန်တွင် အပင်ခြေ၌ မြေခံအဖြစ် ထည့်ပေးရပါမယ်။ ၎င်းအပြင် ဥများ အောင်မြင်စေရန် ဖော့စ်ဖရပ်နှင့် ပိုတက်ဆီယမ်ဓာတ် မြင့်မားသော ရွက်ဖျန်းအားဆေးများကိုပါ ဖြန်းပေးရပါမယ်။ ဆီဓာတ် ပိုမိုထွက်ရှိစေရန်နှင့် လေဥအုခြင်းမှ ကာကွယ်ရန်အတွက် ကန့်ဓာတ်(S)နှင့် ဘိုရွန်(B)ဓာတ်ပါဝင်သော အနည်းလို အဟာရ အားဆေးများကို သုံးစွဲပေးသင့်ပါတယ်။ဆေးအပြင် ပန်းပွင့်ခါစအချိန်တွင် အပင်ခြေကို မြေဆွပေးခြင်းနှင့် ဘောင်တင်ပေးခြင်း တို့ကို မဖြစ်မနေ ပြုလုပ်ပေးရမည်ဖြစ်ပြီး၊ ထယ်ရေးညက်ညောကာ မြေတွင်းအစိုဓာတ်ရှိမှသာ မြေပဲစွယ်များ မြေကြီးထဲသို့ လွယ်ကူစွာထိုးဝင်ပြီး ဥပွားနိုင်ပါလိမ့်မယ်။အပင်သက်တမ်းအလိုက် ပန်းပွင့်ချိန်နှင့် စွယ်ဆင်းချိန်များတွင် ဖော်ပြပါပြုစုနည်းများနှင့် အာဟာရဆေးများကို ပေါင်းစပ်အသုံးပြုခြင်းဖြင့် အထွက်နှုန်း သိသိသာသာ တိုးတက်လာနိုင်ပါတယ်ခင်ဗျာ

myominrun
myominrun 28 လွန်ခဲ့သော ၁ ရက် က

မြေများများဥအောင်ဘာဆေးသုန်းရမလဲ

You

ဆက်စပ်မေးခွန်းများ

ဆရာတို့ခင်ဗျ အိန္ဒိယ နိုင်ငံမှာ နာမည်ကြီးနေသည့် နွားသေး ။ နွားချေး စသည် အရော (ဆေး)ရည်ကို လီတာ ၂၀ ဆယ်ဆည့် ပုံး...

ဖြေကြားချက် 2 ခု

မြေပဲခင်းမှာ အားဆေးပက်ချင်လို့ နွားသေးနဲ့ ပုလဲမြေဩဇာ ရောပက်လို့ ရပါသလား ပက်ရရင် ဘယ်လောက် နှုန်းထား စပ်ရမလဲ

ဖြေကြားချက် 1 ခု

၃လမြေပဲ ယခုနှစ် မြေပဲခင်းတော်တော်များတွေ့ရပါတယ် အပင်ဝါထွတ်နေပါတယ် စွယ်လဲမချပါဘူး ဒါဘယ်လိုကြောင့်ဖြစ်တာလဲ နောက်...

ဖြေကြားချက် 1 ခု

နွားသေးက ဘယ်နှစ်လထိ အထားခံပါသလည်း ကြာပီဆိုတော့ ပက်ရပါသေးလား

ဖြေကြားချက် 1 ခု

မြေပဲတွေကဥကဥတယ်မှိုနိပ်စက်လို့သိပ်မရလိုက်ဘူး...အပင်ခြေတွေမှာဲကြတာအပင်ကစိမ်းနေပြီးနုတ်လိုက်မှဥတွေပြုတ်ကြနေခဲတာ....

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။