ဖြေကြားချက် ၁ ခု
သက်တမ်း (၆) လခန့် ကုန်ဆုံးနေသော အေဇိုတက် (Azoxystrobin) မှိုသတ်ဆေးသည် သိုလှောင်မှုမမှန်ကန်ရင် မူလဆေးအာနိသင် သိသိသာသာ လျော့နည်းသွားနိုင်သည့်အပြင်၊ အချိန်ကြာလာသည်နှင့်အမျှ ဆေး၏ ဓာတုဗေဒဖွဲ့စည်းပုံ ပျက်စီးပြီး အပင်အတွက် အဆိပ်အတောက်ဖြစ်စေသော ဒြပ်ပေါင်းများအဖြစ် ပြောင်းလဲသွားတတ်ပါတယ်။ ထို့ကြောင့် ယင်းဆေးကို မတ်ပဲပင်တွင် သုံးစွဲပါက မှိုရောဂါကို ထိရောက်စွာ မနှိမ်နင်းနိုင်ရုံသာမက၊ အရွက်များ ဝါခြင်းနှင့် အပင်နာခြင်း စသည့် ဆေးလောင်ခြင်း (Phytotoxicity) အန္တရာယ်ကို ပြင်းထန်စွာ ခံရနိုင်ခြေ ရှိပါတယ်။ စိုက်ခင်း ပျက်စီးဆုံးရှုံးမှုကို ကာကွယ်ရန်အတွက် အဆိုပါ သက်တမ်းလွန်ဆေးကို လုံးဝ မသုံးစွဲဘဲ၊ သက်တမ်းရှိသော ဆေးအသစ်ကိုသာ လဲလှယ်ဝယ်ယူ အသုံးပြုရန် အကြံပြုချင်ပါတယ်။အကယ်၍ ထိုဆေးဗူးသည် လေလုံအောင် ပိတ်ထားဆဲဖြစ်ပြီး၊ နေရောင်ခြည် တိုက်ရိုက်မကျရောက်သော၊ အေးမြပြီး ခြောက်သွေ့သော နေရာတွင် သေချာသိုလှောင်ထားခဲ့ခြင်း ဖြစ်ပါက ဆေးအာနိသင် အနည်းငယ် ကျန်ရှိနေနိုင်သေးပါတယ်။ သို့သော် လေထဲမှ စိုထိုင်းဆနှင့် ထိတွေ့ထားလျှင် သို့မဟုတ် အပူဒဏ်ခံထားရလျှင် ဆေးဓာတ် လုံးဝပျက်ပြယ်သွားနိုင်ပါတယ်။ဆေးဆိုင်မှာသွားပြီး ပြန်လဲလှယ်လို့ရရင်တော့ လဲလှယ်ပေးပါ သို့မဟုတ် အလကား ဖြစ်မှာစိုးရိမ်၍ဖျန်းပက်ချင်ပါကလည်း အေဇိုတက်သီးသန့်ကို ဧရိယာအနည်းငယ်စမ်းသပ်ဖျန်းပေးပါ၊ အပင်မလောင်ဘူးဆိုရင် စိတ်ချစွာဖျန်းပက်အသုံးပြုနိုင်ပါတယ်ခင်ဗျာ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
Lufenuron 5% ပါတဲ့ဆေးကလှေးပိုးကိုသေစေနိုင်လားလှေးပိုးရဲ့ဥရောကန်းစေနိုင်လား
ဖြေကြားချက် 3 ခု
မတ်ပဲ ၁၅ရက်မှာ ပဲကောင်းပေါင်းေသဖြန်းပြီး အားဆေးဖြန်းမယ် ပြီးရင် မန်ကိုဇက်မှိုဆေးဖြန်းမယ် ရက်ခြားပြီး ဘီတာစီ...
ဖြေကြားချက် 7 ခု
မတ်ပဲပင်မှာ ပေါက်လေ့ရှိတဲ့ မြက်နီပင်ကို ဘယ်လိုရှင်းပစ်ရမလဲ ဘာဆေးနဲ့ဖြန်းရမလဲဗျ
ဖြေကြားချက် 1 ခု
ဆာလ်ဖာ၈၀% နဲ့ECလိုဆေးမျိုးနဲ့ရောဖျန်းလို့ရလား ဆိုင်ကပေးလာတာ ဆာလ်ဖာနဲ့ မှိုဆေးECဆေးရောဖျန်းခိုင်းပါတယ်
ဖြေကြားချက် 1 ခု
မတ်ပဲကြားကပေါင်းမြက်ကိူမတ်ပဲဘယ်နှစ်ရက်သားမှာရွေးချယ်ဆေးဖြန်းလို့ရလဲ
ဖြေကြားချက် 1 ခု