အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ကိုသိန်းသန်းဝင်း
လွန်ခဲ့သော ၅၁ မိနစ် က · တံတားဦး

အပင်အောက်ခြေတွင်ပုက်နေပြီးအရွက်များခြောက်နေပါသည် ဘာဆေးများအသုံးပြုရမလဲဆရာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၆၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
ပင်စည်
ပိုးမွှားရောဂါ စပါး
Post image
Post image

ဖြေကြားချက် ၄ ခု

သော်ဇင်
သော်ဇင် 387,499 လွန်ခဲ့သော ၃၇ မိနစ် က
ဤအဖြေဖြင့် ပြေလည်

@ကိုသိန်းသန်းဝင်း ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

သော်ဇင်
သော်ဇင် 387,499 လွန်ခဲ့သော ၃၇ မိနစ် က
ဤအဖြေဖြင့် ပြေလည်

@ကိုသိန်းသန်းဝင်း ပုံပါစပါးပင်ခြေတွင် အရွက်များခြောက်ပြီး ပင်စည်မည်းပုပ်လာသည့် လက္ခဏာမှာ Sclerotium oryzae မှိုကြောင့်ဖြစ်သော "စပါးပင်စည်ပုပ်ရောဂါ (Rice Stem Rot Disease)" ကျရောက်နေခြင်း ဖြစ်ပါတယ်။ ယခုအခြေအနေတွင် ရောဂါကူးစက်မှုကို တားဆီးရန် ပင်လုံးပျံ့မှိုသတ်ဆေးများဖြစ်သည့် ဗာလီဒါမိုင်ဆင် (Validamycin 3% L)၊ အဇိုဆီစထရိုဘင် (Azoxystrobin)၊ ကာဗင်ဒါဇင်(Carbendazim) သို့မဟုတ် ဟက်ဆာကိုနာဇိုးလ်(Hexaconazole) တစ်မျိုးမျိုးကို ပင်ခြေထိ ရောက်အောင် သေချာပက်ဖျန်းပေးရပါမယ်။ ဆေးဖျန်းရုံတင်မကဘဲ စိုက်ခင်းအတွင်းမှ ရေကို ခဏထုတ်ပေးခြင်း၊ နိုက်ထရိုဂျင် (ပုလဲ) မြေသြဇာ အလွန်အကျွံကျွေးခြင်းကို ရှောင်ကြဉ်ပြီး အပင်ခံနိုင်ရည်ရှိစေရန် ပိုတက်ရှ်မြေသြဇာကို ဖြည့်စွက်ကျွေးပေးခြင်းဖြင့် ရောဂါကို ထိရောက်စွာ ကုသနှိမ်နင်းနိုင်ပါတယ်။ ဆေးတခါဖျန်းပြီးတိုင်း ရောဂါကျအရွက်များက အရွက်သစ်များသို့ဆက်လက်ကူးပျံ့ခြင်းရှိမရှိစောင့်ကြည့်စစ်ဆေးပါ။ဆက်လက်ပျံ့နှံ့နေသေးပါက ၇ရက်ခြားတကြိမ်ထပ်ဖျန်းပေးရပါမယ်။

သော်ဇင်
သော်ဇင် 387,499 လွန်ခဲ့သော ၂၇ မိနစ် က

အမည် တွေက ရွှေဇိုဘင်၊ဒိုင်ဇီ၊ဟက်ဇာဂွန်တိူ့ဖြစ်ကြပါတယ်။ အကောင်းဆုံးကတော့ဆေးဆိုင်ကို သွားပြီး စပါးပင်စည်ပုပ်ရောဂါကျလို့ပါ၊ Azoxystrobin, Difenoconazole, Hexaconazole ပါသည့် မှို ဆေးလေးပေးပါလို့မေးဝယ်နိုင်ပါတယ်။

ကိုသိန်းသန်းဝင်း
ကိုသိန်းသန်းဝင်း လွန်ခဲ့သော ၃၀ မိနစ် က

ဆေးနာမည်လေး‌ပြောပြပါလား

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။