အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Sawsamson
Sawsamson 1,025
လွန်ခဲ့သော ၄ ပတ် က · ထန်းတပင်

Tbl9မတ်ပဲမျိုးကို၁၁လပိုင်း၁၀ရက်နေ့လောက်ကြဲမယ် ထူထူကြဲသင့်လား ဘယ်နှစ်ပြည်ကြဲသင့်လဲ ခုတ်ဖုံးစနစ်ပါ

စိုက်ပျိုးနည်း မတ်ပဲ

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 459,307 လွန်ခဲ့သော ၄ ပတ် က
ဤအဖြေဖြင့် ပြေလည်

TBL-9 မတ်ပဲမျိုးကို ၁၁ လပိုင်း ၁၀ ရက်နေ့တွင် ခုတ်ဖုံးစနစ်ဖြင့် စိုက်ပျိုးမည်ဆိုပါက ထူထူမကြဲသင့်ပါဘူး။ အကောင်းဆုံး မျိုးစေ့နှုန်းထားမှာ တစ်ဧကလျှင် ၁၀ ပြည်မှ ၁၂ ပြည် သာ ဖြစ်ပါတယ်။ TBL-9 သည် အပင်ပေါက်နှုန်းကောင်းပြီး ကိုင်းဖြာတတ်သော သက်တမ်းတိုမျိုးဖြစ်၍ ထူလွန်းပါက အပင်ထူလွန်းခြင်း၊ မှိုရောဂါကျခြင်းနှင့် ပဲစေ့သေးခြင်းတို့ ဖြစ်တတ်ပါတယ်။ နိုဝင်ဘာလလယ်သည် မြေအစိုဓာတ် လျော့ပါးလာချိန်ဖြစ်၍ စပါးရိတ်ပြီးစ မြေအစိုဓာတ်ရှိစဉ် အမြန်ဆုံး ခုတ်ဖုံးရန် လိုအပ်ပြီး၊ မျိုးစေ့ကိုလည်း ထရိုင်ကိုဒါးမား မှိုသတ်ဆေးဖြင့်လူးနယ်၍ စိုက်ပျိုးသင့်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတ်ပဲပင်ကို အပင်ငယ်စဥ်ကစပြီးဆေးဖျန်ဖို့တွက် အမိုင်နိုအက်စစ်နဲ့ စသုံးရင်ကောင်းမလား နွားကျင်ငယ်ရေ နဲ့သုံးရင်...

ဖြေကြားချက် 2 ခု

ကျွန်တော့ မတ်ပဲခင်းမှာ အဲ့လိုပိုးလေးတွေကျနေလို့ ပဲကောင်းပေါင်းသေကလဲ မဖျန်းရသေးဘူး ပိုးသတ်ဆေးအရင်ဖျန်းရမလား ဗျ...

ဖြေကြားချက် 4 ခု

မတ်ပဲကြားကပေါင်းမြက်ကိူမတ်ပဲဘယ်နှစ်ရက်သားမှာရွေးချယ်ဆေးဖြန်းလို့ရလဲ

ဖြေကြားချက် 1 ခု

မတ်ပဲကို၃၀ရက်သားမှာရွှေနဂါးအားဆေးဖျန်းမယ် ၃၇ရက်သားမှာတင်ပို+ပီဖိုလန် +ပိုးသတ်ဆေးဖျန်းမယ်ဆို အဆင်ပြေလား

ဖြေကြားချက် 3 ခု

မတ်ပဲခင်းကွက်ပြီးသေနေလို့ နှစ်တိုင်းသေပါတယ် နုတ်ကြည့်ရင်အမြစ်မဲပြီးခြောက်နေပါတယ် အပင်ငယ်စဥ်မဖြစ်ဘူး ပန်းပွင့်...

ဖြေကြားချက် 1 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။