အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Sawsamson
Sawsamson 667
လွန်ခဲ့သော ၁ နာရီ က · ထန်းတပင်

မတ်ပဲခင်းကွက်ပြီးသေနေလို့ နှစ်တိုင်းသေပါတယ် နုတ်ကြည့်ရင်အမြစ်မဲပြီးခြောက်နေပါတယ် အပင်ငယ်စဥ်မဖြစ်ဘူး ပန်းပွင့်ချိန်ရောက်ရင်အရွက်​ေေေေေေေေေေခြောက်ပြီးသေ သွားပါတယ် ဘာဆေးဖျန်းပြီးကာကွယ်ရမလဲ ဖော့စတိုင်းအလူမီနီယမ်ဖျန်းပါတယ်မရဘူး

စိုက်ပျိုးနည်း မတ်ပဲ

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 389,198 လွန်ခဲ့သော ၁ နာရီ က
ဤအဖြေဖြင့် ပြေလည်

မတ်ပဲပင် ပန်းပွင့်ချိန်တွင် အမြစ်မဲပြီး ကွက်၍ ခြောက်သေခြင်းသည် မြေဆောင်မှိုကြောင့်ဖြစ်သော မတ်ပဲပင်ညှိုးရောဂါ (Fusarium Wilt) သို့မဟုတ် မြစ်ပုပ်အမြစ်ခြောက်ဆွေးရောဂါ ဖြစ်ပါတယ်။ တောင်သူဦးကြီး သုံးစွဲထားသော ဖော့စတိုင်း အလူမီနီယမ် (Fosetyl-Aluminium) ဆေးများသည် ဤမြေဆောင်မှိုအတွက် ထိရောက်မှုနည်း နေလို့ပါ။ ရောဂါသက်သာစေရန် ရောဂါဖြစ်ခါစ အပင်ခြေနှင့် မြေကြီးကို Hymexazol ကဲ့သို့ ပင်လုံးပျံ့မှိုသတ်ဆေးရည်ဖြင့် အမြစ်အရောက် စိုရွှဲအောင်ဖျန်းပေးရပါမယ်။ထို့နောက်အပင်အပေါ်ပိုင်းကို Azoxystrobinပါဝင်သောမှိုသတ်ဆေးဖျန်း‌ပက်ပေးရပါမယ်။မြေဆောင်မှိုရောဂါဖြစ်တယကြောင့် မှိုဆေးတွေဖျန်းပက်လည်း အသေအပျောက်နည်းရုံသာတတ်နိုင်ပါမယ်။ ရေရှည်အတွက်ဆိုရင်တော့ မြေချဉ်မြေငံတိုင်းပါ၊ မြေချဉ်ပါက မြေပြင်ပါ။ ရေရှည်ကာကွယ်ရန်အတွက် နောက်ရာသီတွင် စပါးနှင့် သီးလှည့်စိုက်ခြင်း၊ စိုက်ခင်းရေမဝပ်အောင် စီမံခြင်းနှင့် မစိုက်ပျိုးမီ မျိုးစေ့ကို မှိုသတ်ဆေး (သို့မဟုတ်) ထရိုင်ကိုဒါးမားဇီဝမှိုဖြင့် စနစ်တကျ လူးနယ်စိုက်ပျိုးခြင်းတို့ကို ပြုလုပ်ရပါမယ်။မြေခံမှာ ထရိုင်ကိုဒါးမားထည့်ပေးခြင်းတို့ဆောင်ရွက်ပေးနိုင်ပါတယ်ခင်ဗျာ

You

ဆက်စပ်မေးခွန်းများ

မတ်ပဲကို၃၀ရက်သားမှာရွှေနဂါးအားဆေးဖျန်းမယ် ၃၇ရက်သားမှာတင်ပို+ပီဖိုလန် +ပိုးသတ်ဆေးဖျန်းမယ်ဆို အဆင်ပြေလား

ဖြေကြားချက် 3 ခု

Tbl9မတ်ပဲမျိုးကို၁၁လပိုင်း၁၀ရက်နေ့လောက်ကြဲမယ် ထူထူကြဲသင့်လား ဘယ်နှစ်ပြည်ကြဲသင့်လဲ ခုတ်ဖုံးစနစ်ပါ

ဖြေကြားချက် 1 ခု

မတ်ပဲပင်ကို အပင်ငယ်စဥ်ကစပြီးဆေးဖျန်ဖို့တွက် အမိုင်နိုအက်စစ်နဲ့ စသုံးရင်ကောင်းမလား နွားကျင်ငယ်ရေ နဲ့သုံးရင်...

ဖြေကြားချက် 2 ခု

မတ်ပဲ ၁၅ရက်သားရှိပါပြီ မှိုဆေးကိုဘယ်လိုမျိုးဟာတေဖျန်းသင့်လဲ ကာကွယ်ချင်လို့ပါ အ

ဖြေကြားချက် 0 ခု

ကျွန်တော့ မတ်ပဲခင်းမှာ အဲ့လိုပိုးလေးတွေကျနေလို့ ပဲကောင်းပေါင်းသေကလဲ မဖျန်းရသေးဘူး ပိုးသတ်ဆေးအရင်ဖျန်းရမလား ဗျ...

ဖြေကြားချက် 4 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။