ဖြေကြားချက် ၃ ခု
@ဦးစောမောင်ဌေး မတ်ပဲသက်တမ်း ၁၅ ရက်သား (အပင်ပေါက်စအရွယ်) သည် ယေဘုယျအားဖြင့် မှိုရောဂါ ပြင်းထန်စွာ ကျရောက်လေ့မရှိသေးသဖြင့် လက္ခဏာမတွေ့ရဘဲ မှိုဆေးသက်သက်ကို ကြိုတင်ကာကွယ်ရန် အလောတကြီး ဖျန်းရန်မလိုသေးပါဘူး။ အကယ်၍ ယခင်နှစ်က ရောဂါအခံရှိ၍ မဖြစ်မနေ ကာကွယ်လိုပါက အပင်မနာစေမည့် မန်ကိုဇက် (Mancozeb)ကဲ့သို့ အပျော့စားမှို ကာကွယ်ဆေးကိုသာ သုံးသင့်ပါတယ်။ ဤအရွယ်တွင် မှိုထက် ပင်စည်ထိုးယင်နှင့် ယင်ဖြူကဲ့သို့ စုပ်ပိုးများက ပိုမိုအန္တရာယ်ပြုနိုင်သဖြင့် ပင်လုံးပြန့်ပိုးသတ်ဆေးဖျန်းပက်ကာကွယ်ခြင်းနှင့် အပင်သန်မာစေမည့် အမိုင်နိုအက်ဆစ် နှင့် ရွက်ဖျန်းအားဆေးတို့ကိုသာ တွဲဖက်ပက်ဖျန်းပေးရန် အကြံပြုလိုပါတယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
မတ်ပဲစိုက်ခင်းတွင် မှိုဆေးကို ပုံမှန်အားဖြင့် အပင်သက်တမ်း ၂၀ မှ ၂၅ ရက်သား (အပင်စုံ၍ အရွက် ၃-၄ ထွက်ချိန်) တွင် ပထမအကြိမ် စတင်ကာကွယ်ဖျန်းပေးနိုင်ပါတယ်။ သို့သော် ရာသီဥတုက အုံ့မှိုင်းပြီး မိုးရွာသွန်းမှုများခြင်း၊ နှင်းကျ၊တိမ်ထူထပ်ခြင်း သို့မဟုတ် မိမိစိုက်ခင်းသည် ယခင်နှစ်က မှိုရောဂါ ဖြစ်ပွားဖူးသော မြေမျိုးဖြစ်ပါက သက်တမ်း ၁၅ ရက်ဝန်းကျင် အပင်ပေါက်စအရွယ်ကတည်းက အပျော့စားမှိုဆေး မန်ကိုဇက်ဖြင့် ကြိုတင်ကာကွယ်ဖျန်းရပါမယ်။ အကယ်၍ ရာသီဥတု သာယာပြီး ရောဂါလက္ခဏာ တစ်စုံတစ်ရာ မတွေ့ရပါက မှိုဆေးကို အလောတကြီး မဖျန်းသေးဘဲ ရက်၂၀သားအထိစောင့်ကြည့်နိုင်ပါတယ်၊ ၁၅ရက်စားရှိပြီ အခြားဆေးဖျန်းဖို့အစီအစဉ်မရှိသေးဘူးဆိုလည်း ဖျန်းပေးလို့ရပါပြီခင်ဗျာ
ဆက်စပ်မေးခွန်းများ
မတ်ပဲခင်းကွက်ပြီးသေနေလို့ နှစ်တိုင်းသေပါတယ် နုတ်ကြည့်ရင်အမြစ်မဲပြီးခြောက်နေပါတယ် အပင်ငယ်စဥ်မဖြစ်ဘူး ပန်းပွင့်...
ဖြေကြားချက် 0 ခု
မတ်ပဲကို၃၀ရက်သားမှာရွှေနဂါးအားဆေးဖျန်းမယ် ၃၇ရက်သားမှာတင်ပို+ပီဖိုလန် +ပိုးသတ်ဆေးဖျန်းမယ်ဆို အဆင်ပြေလား
ဖြေကြားချက် 3 ခု
Tbl9မတ်ပဲမျိုးကို၁၁လပိုင်း၁၀ရက်နေ့လောက်ကြဲမယ် ထူထူကြဲသင့်လား ဘယ်နှစ်ပြည်ကြဲသင့်လဲ ခုတ်ဖုံးစနစ်ပါ
ဖြေကြားချက် 1 ခု
မတ်ပဲပင်ကို အပင်ငယ်စဥ်ကစပြီးဆေးဖျန်ဖို့တွက် အမိုင်နိုအက်စစ်နဲ့ စသုံးရင်ကောင်းမလား နွားကျင်ငယ်ရေ နဲ့သုံးရင်...
ဖြေကြားချက် 2 ခု
ကျွန်တော့ မတ်ပဲခင်းမှာ အဲ့လိုပိုးလေးတွေကျနေလို့ ပဲကောင်းပေါင်းသေကလဲ မဖျန်းရသေးဘူး ပိုးသတ်ဆေးအရင်ဖျန်းရမလား ဗျ...
ဖြေကြားချက် 4 ခု