အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Thantzinhen
လွန်ခဲ့သော ၁ နာရီ က · ဘီးလင်း

ခရမ်းပင်များပန်းပွင်မှအပင်များလိုက်သေတာဘာကြောင့်လဲဗျ အပင်များညိုပြီးသေနေတယ်ဗျဘာကြောင်သေတာလဲဘာဆေးများဖြန်ရမလဲ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၉၀ ရက်
ရာသီဥတု (တစ်ပတ်အတွင်း)
နေသာ
စိုက်ပျိုး ရေ ခရမ်းသီး
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 389,909 လွန်ခဲ့သော ၂၅ မိနစ် က

@Thantzinhen ပုံပါခရမ်းသီးပင်တွင် ကျရောက်နေသည်မှာ Choanephora cucurbitarum မှိုကြောင့်ဖြစ်သော အစိုပုပ်ရောဂါ (Wet Rot / Choanephora Blight) ဖြစ်ပါတယ်။ ဤရောဂါသည် မိုးသည်းထန်ခြင်းနှင့် စိုထိုင်းဆ မြင့်မားချိန်တွင် လျင်မြန်စွာ ပျံ့နှံ့တတ်ပြီး အညွန့်၊ အပွင့်နှင့် အသီးများကို ပုပ်ခြောက်သွားစေပါတယ်။ ရောဂါကို ထိန်းချုပ်ရန်အတွက် ပထမဦးစွာ ရောဂါရနေသော အစိတ်အပိုင်းများကို ဆွတ်ခူး၍ စိုက်ခင်းနှင့်ဝေးရာတွင် မီးရှို့ဖျက်ဆီးပစ်ရပါမယ်။ ထို့နောက် ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန် Azoxystrobin သို့မဟုတ် (Cymoxanil + Mancozeb) ပါဝင်သော မှိုသတ်ဆေးတစ်မျိုးမျိုးကို အပင်အနှံ့ စနစ်တကျ ပက်ဖျန်းပေးရပါမာ်။စိုက်ခင်းအတွင်း လေဝင်လေထွက်ကောင်းအောင် အရွက်ဟောင်းများ ရှင်းလင်းပေးခြင်းနှင့် ရေမဝပ်အောင် ရေနုတ်မြောင်းများ ပြုလုပ်ပေးခြင်းဖြင့်လည်း ရောဂါသက်သာစေနိုင်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။