ဖြေကြားချက် ၁ ခု
ပုံပါပဲတောင့်ရှည်ပင်ရဲ့ အရွက်ပေါ်က အကွက်တွေဟာ မှိုရောဂါ ဖြစ်နိုင်ခြေ ရှိသော်လည်း ရာသီဥတုကြောင့် ဖြစ်တဲ့ နေလောင်ဒဏ် ဖြစ်ဖို့ ပိုများပါတယ်။ အပင်ခြေမှာ အစိုဓာတ်များပြီး ရေဝပ်သလို ဖြစ်နေတာကြောင့် အမြစ်ပုပ်/ပင်စည်ပုပ်ရောဂါ ကာကွယ်ဖို့ Hymexazol မှိုသတ်ဆေး အပင်ခြေကို ဖျန်းပေးခြင်း ပြုလုပ်ပြီး၊ စိုက်ခင်းအတွင်း ရေနုတ်မြောင်းများ အမြန်ဖောက်ပေးရန်နှင့် အပင်ဖိစီးမှု သက်သာစေရန် အမိုင်နိုအက်ဆစ်အားဆေးကို အနည်းလိုအဟာရအားဆေးဖြင့် တွဲဖက် ဖျန်းပေးရန် လိုအပ်ပါတယ်။ အရွက်ပေါ်ကအကွက်များ အခြား အပင်များသို့ ဆက်လက်ပျံ့ပွားခြင်းရှိမရှိစောင့်ကြည့်စစ်ဆေးပေးပါဦး @Thantzinhen
ဆက်စပ်မေးခွန်းများ
ပဲတောင့်ရှည် က အပွင့်တွေကြွေနေပါတယ် ရောဂါနဲ့ ဆေးအသုံးပြုပုံဖြေကြားပေးပါခင်ဗျာ🙏
ဖြေကြားချက် 1 ခု
ပဲတောင့်ရှည်ပင်ရဲ့အရွက်တွေမှာ ဒီလိုတွေ၀ါလာတာ ဘာဆေးသုံးရမလဲရှင်
ဖြေကြားချက် 2 ခု
ပဲတောင့်ရှည်အရွက်တွေဝါပြိးအဆစ်လိုက်ပျက်ကျဘာဆေးသုံးရမလဲ
ဖြေကြားချက် 1 ခု
ဘာမှိုမျိုးလဲ ဖျူစေရီယမ်လား အမြစ်ပုတ်တာလား သိချင်ပါတယ် အပင်ငယ်လဲသေတယ် အပင်ကြီးလဲသေတယ် တစ်တန်းမှာ၁၀ပင်လောက်
ဖြေကြားချက် 2 ခု
တိုင်ထောင်ပဲမှာအသီးညှာမှာ-နီညိုရောင်ဖြစ်ပြီးချောက်သွားတယ်အသီးလဲပုတ်တယ်မိူဖြူလေးတက်နေတယ်အရွက်မှာလဲ-နီညိုအစက်တွေ...
ဖြေကြားချက် 1 ခု