အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Min Wai Soe
Min Wai Soe 135
လွန်ခဲ့သော ၄ ပတ် က · စလင်း

ပုံထဲက အဖြူလေးတွေက ပိုးဥ လေးတွေလားဗျ ဘာပိုးသတ်ဆေးဖြန်းသင့်ပါသလဲ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၅၈ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
ရာသီဥတု (တစ်ပတ်အတွင်း)
နေသာ
ပိုးမွှားရောဂါ စပါး
Post image
Post image

ဖြေကြားချက် ၁၂ ခု

သော်ဇင်
သော်ဇင် 459,065 လွန်ခဲ့သော ၄ ပတ် က
ဤအဖြေဖြင့် ပြေလည်

@Min Wai Soe တောင်သူ့အကျိုးပြုမိတ်ဆွေပိုး Braconid Wasp ကပ်ပါးနကျယ်ကောင်းလေးတွေရဲ့ ပိုးအိတ်လေးတွေပါ။ သူတို့က ဖျက်ပိုးတွေ နှိမ်နင်းပေးပါတယ်။ မဖျက်ဆီးဘဲ ချန်ထားပေးပါ။

သော်ဇင်
သော်ဇင် 459,065 လွန်ခဲ့သော ၄ ပတ် က

@Min Wai Soe သက်တမ်း ၁၅၀ ရက်ရှိသော ဧရာမင်းစပါးသည် ပုံမှန်အားဖြင့် သက်တမ်း ၉၀ မှ ၁၀၀ ရက်အတွင်း မှို့ကပ် လေ့ရှိသဖြင့် လက်ရှိ ၉၃ ရက်သား သည် မှို့ကပ်ချိန်သို့ အတိအကျ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ထို့ကြောင့် စပါးနှံရှည်ရန်၊ အောင်စေ့များရန်နှင့် အဖျင်းနည်းရန်အတွက် နောက်ဆုံးအကြိမ် "အနှံထွက်အားဖြည့်မြေဩဇာ" ကို ချက်ချင်းကျွေးရမည့် အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ အဓိက ယူရီးယား (ပုလဲ)နှင့် ပိုတက်ရှ် မြေဩဇာကို ရေအနက် ၁-၂ လက်မခန့်သာ ထားရှိပြီး တွဲဖက်ကြဲပက်ပေးရပါမယ်။ပိုတက်စီယမ် အချိုးအစားမြင့်မားစွာပါဝင်သော အရည်အသွေးကောင်း ရွက်ဖျန်းမြေဩဇာကို စပါးနှံထွက်စအချိန်တို့တွင် ဖျန်းပေးနိုင်ရင်ပိုကောင်းပါမယ်။မြေဩဇာမကြဲမီ စပါးခင်းထဲတွင် ရေကို ၁ လက်မ သို့မဟုတ် ၂ လက်မခန့် သာ အနည်းငယ်ပဲ ရှိနေအောင် ထိန်းထားပေးပါ။ ရေများလွန်းပါက မြေဩဇာအာနိသင် ဆုံးရှုံးတတ်ပါတယ်။ မြေဩဇာကျွေးပြီးနောက် စပါးပန်းပွင့်နို့ရည်တည်ချိန်အထိ စပါးခင်းကို ရေမပြတ်စေရန် ဂရုစိုက်ပေးရပါမယ်ခင်ဗျာ။

Min Wai Soe
Min Wai Soe 135 လွန်ခဲ့သော ၄ ပတ် က

ဧရာမင်း စပါး ရိတ်သိမ်း သက်တမ်း ၁၅၀ ရက်ပါ အခု စပါးပျိုးထောင်ရက်နဲ့ ရွှေ့စိုက်ရက်ဆို စပါး မှို့ကပ်ချိန်ရောက်ပြီလားမသိလို့ပါ ခင်ဗျာ

သော်ဇင်
သော်ဇင် 459,065 လွန်ခဲ့သော ၄ ပတ် က

@Min Wai Soe ကော့မန့်တွေများနေလို့ဖတ်ရတာအဆင်မပြေရင် ပို့စ်အသစ်ထပ်တင်မေးနိုင်ပါတယ်

သော်ဇင်
သော်ဇင် 459,065 လွန်ခဲ့သော ၄ ပတ် က

@Min Wai Soe စပါးရိတ်သိမ်းသက်တမ်းကဘယ်လောက်လဲ၊ အခုစပါးခင်းကမှို့ကပ်ချိန်ရောက်ပြီလား၊ စပါးမျိုးအမည်ကဘာလဲ၊ သေချာတာတခုကတော့ အနှံမထွက်ခင်အထိအပင်ကလိုအပ်ပါက မြေဩဇာကျွေးပေးလို့ရပါတယ်၊ တိတိကျဖြေနိုင်ဖို့ အချက်လေးတွေပြန်ပြောပေးပါဦး

Min Wai Soe
Min Wai Soe 135 လွန်ခဲ့သော ၄ ပတ် က

စပါး ၃၅ ရက်သား ပျိုးနှုတ်ရွှေ့စိုက်ပြီး ၅၈ ရက်သားရှိပြီး နောက်ဆုံး အသုတ် မြေဩဇာ ကျွေးသင့်ပြီလား ခင်ဗျာ

သော်ဇင်
သော်ဇင် 459,065 လွန်ခဲ့သော ၄ ပတ် က

@Min Wai Soe ဖျက်ပိုးဆိုးရွားစွာမကျသေးရင် ရပါတယ်ခင်ဗျာ

Min Wai Soe
Min Wai Soe 135 လွန်ခဲ့သော ၄ ပတ် က

အဘာမက်တင် ဆေးဖြန်းလို့ရလား ခင်ဗျာ

သော်ဇင်
သော်ဇင် 459,065 လွန်ခဲ့သော ၄ ပတ် က

@Min Wai Soe ရွက်လိပ်ရွက်ခေါက်ပိုးကောင်တွေပါ

Min Wai Soe
Min Wai Soe 135 လွန်ခဲ့သော ၄ ပတ် က
Min Wai Soe
Min Wai Soe 135 လွန်ခဲ့သော ၄ ပတ် က

ဒီပိုးကောင်လေးတွေကကော ဘာပိုးလေးတွေလဲ ခင်ဗျာ ဘာဆေးတွေ ဖြန်းသင့်ပါလဲ ခင်ဗျာ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။