အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Aung Zay
Aung Zay 12
လွန်ခဲ့သော ၅ နာရီ က · ဇလွန်

မတ်ပဲကြဲဖို့ မြေကို ထွန်ယက်တဲ့အခါမှာ ဘယ်နှစက်လောက်မောင်းကြဲရင်‌ပိုကောင်းလဲဗျ မကြဲခင် တစ်စက်မောင်းပြီး မြေကို ခနအခြောက်လှမ်းပြီး မှ ပဲကြဲ တစ်စက်ထပ်မောင်းတာမျိုးက အဆင်ပြေလားဗျ မြေကို အနည်းငယ်မှုန်အောင်နဲ့ ခဲအနေထားမျိုးဘယ်လိုပုံစံဖြစ်အောင်မောင်းရင် ပိုကောင်းမလဲဗျ အကြံလေးပေးပါအုံးဆရာတို့

စိုက်ပျိုးနည်း မတ်ပဲ

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 399,732 လွန်ခဲ့သော ၄ နာရီ က

@Aung Zay မတ်ပဲစိုက်ပျိုးရာတွင် မြေဆီလွှာ ညက်မှုနှင့် အစိုဓာတ် ထိန်းသိမ်းနိုင်မှုသည် အပင်ပေါက် သန်မာစေရန်အတွက် အဓိက သော့ချက်ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် မြေအမျိုးအစားပေါ် မူတည်၍ ထွန် ၂ စပ်မှ ၃ စပ်ခန့်အထိ မြေခဲများ ကြေညက်သည်အထိ မောင်းပေးရန် လိုအပ်ပါတယ်။ မြေကို တစ်စပ်မောင်းပြီး ခဏ နေလှန်းထားပါက အပင်ပေါက်ရန် လိုအပ်သော မြေတွင်းအစိုဓာတ်များ လေထဲသို့ အငွေ့ပျံ ဆုံးရှုံးသွားနိုင်သဖြင့် ဤနည်းလမ်းကို အသုံးမပြုသင့်ပါဘူး။ မြေမှုန်ညက်ပြီး အစိုဓာတ် မိမိရရ ထိန်းထားနိုင်ရန်အတွက် နေပူပြင်းချိန်တွင် ထွန်ယက်ခြင်းကို ရှောင်ကြဉ်၍ နံနက်စောစော သို့မဟုတ် ညနေစောင်းအချိန်တွင်သာ ထွန်ယက်ရပါမယ်။ ထို့ပြင် ထွန်မောင်းပြီးတိုင်းနှင့် ပဲကြဲပြီးနောက် ချက်ချင်း ထွန်အုပ်ခြင်း သို့မဟုတ် ကြမ်းတုံး ရိုက်ပေးခြင်းတို့ကို တွဲဖက်လုပ်ဆောင်ပေးမှသာ အောက်ခံအစိုဓာတ်ကို ပိတ်ဆို့ထိန်းသိမ်းနိုင်ပြီး ညီညာသော အပင်ပေါက်ကို ရရှိစေပါလိမ့်မယ်။

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။