အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Kyaw Htoo
Kyaw Htoo 2
လွန်ခဲ့သော ၄ နာရီ က · ရသေ့တောင်

အပင်သည်အရွက်သည်အဖျားချစ်ပြီးအားနည်းသည်

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၃၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
ရာသီဥတု (တစ်ပတ်အတွင်း)
နေသာ
အပင်အာဟာရ ကြက်သွန်နီ
Post image
1

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 401,207 လွန်ခဲ့သော ၃ နာရီ က

@Kyaw Htoo ပုံပါ ကြက်သွန်နီပင်သည် ဖျက်ပိုး သို့မဟုတ် ရောဂါကြောင့် မဟုတ်ဘဲ နိုက်ထရိုဂျင် အဟာရဓာတ်ချို့တဲ့မှုနှင့် မြေဆီလွှာ အစိုဓာတ်မမျှတခြင်း (ခြောက်သွေ့ခြင်း) ကြောင့် အရွက်ဖျားများ ဝါခြောက်ပြီး အပင်အားနည်းနေခြင်း ဖြစ်နိုင်ချေ အလွန်များပါတယ်။ လှေးပိုး (Thrips) ကျရောက်သည့် ငွေရောင်အစင်းများနှင့် အရွက်လိပ်သည့် လက္ခဏာများ မတွေ့ရသေးသော်လည်း သေချာစေရန် အပင်ခြေနားရှိ အရွက်ကြားများကို ဖြဲ၍ လှုပ်ရှားနေသော ပိုးကောင်ငယ်လေးများ ရှိ၊ မရှိ သေချာစစ်ဆေးသင့်ပါတယ်။ အပင်ပြန်လည်သန်မာလာစေရန် နိုက်ထရိုဂျင်နှင့် ပိုတက်စီယမ်ပါသော ရွက်ဖျန်းအားဆေး နှင့် အမိုင်နိုအက်စစ် ပက်ဖျန်းပေးခြင်း၊ ရေသွင်းမှုစနစ်ကို အစိုဓာတ်မျှတအောင် ထိန်းညှိပေးခြင်းတို့ ပြုလုပ်ပေးရပါမယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။