အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ငုဝါ
ငုဝါ 96
လွန်ခဲ့သော ၃ နာရီ က · တိုက်ကြီး

မြင်းကျားမှထုတ်လုပ်တဲ့ နှမ်းရွေးရှယ်ဟာဘီရှင်း30စီစီ+မက်ဂါမန်းနီး20ဂရမ်ကိုရေ4ဂာလံဝင်ဆေးပုံးစက်ဖြင့်ဖျန်းပတ်လိုက်တာအခုလိုဖြစ်သွားအပုံထဲကအတိုင်းပဲတစ်ခင်းလုံးပဲအကြယ်ဝန်းကတော့2ဧကရှိပါတယ်ဖြေဆေးသို့မဟုတ်ပြုပြင်ရန်နည်းလမ်းများညွှန်ကြားပေးပါအုံး

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၂၈ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
ရာသီဥတု (တစ်ပတ်အတွင်း)
အသင့်တင့် နေသာပြီးမိုးဖွဲဖွဲရွာ
စိုက်ပျိုး ရေ နှမ်း
Post image
Post image

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 401,207 လွန်ခဲ့သော ၂ နာရီ က

@ငုဝါ ပုံထကအတိုင်းတော့ ကုလို့ရဦးမယ်ထင်တယ်၊ ပင်စည်တွေမထိသေးဘူး၊ ရေသီးသန့်မဖျန်းချင်နေပါ၊ အမိုင်နိုအက်စစ်နှင့်အနည်းလိုအားဆေးလေးဖျန်းကြည့်ပြီး ဆေးတခါဖျန်းပြီးတိုင်းအပင်အခြေအနေလေးစောင့်ကြည့်ပေးပါဦး၊မက်ဂါမန်းနီးကိုနှမ်းမှာ အသုံးမပြုရဘူးဆိုတာ ဆေးဆိုင်ကမသိလို့ပေးလိုက်တာလား၊ တောင်သူဦးကြီးကိုယ်တိုင်ကမသိလို့ ရောဖျန်းမိတာလား

သော်ဇင်
သော်ဇင် 401,207 လွန်ခဲ့သော ၂ နာရီ က

@ငုဝါ အပင်အားလုံး လောင်ကျွမ်းပြီး ရိုးတံပါ မည်းခြောက်သွားပါက ပြန်လည်ကုသရန် မဖြစ်နိုင်တော့ဘဲ ပြန်စိုက်ရပါမယ်။ သို့သော်လည်း ဆေးဖျန်းပြီးစ (၁ ရက်မှ ၃ ရက်အတွင်း) သာရှိသေးပြီး၊ အပင်၏ ထိပ်ဖျားအညွန့်လေးများ နုပျိုစိမ်းလန်းနေသေးပါက အောက်ပါအတိုင်း အရေးပေါ် ကုသနည်းများကို အမြန်ဆုံး လုပ်ဆောင်ကြည့်နိုင်ပါတယ် ဆေးအာနိသင် ပြယ်စေရန်နှင့် မြေဆီလွှာထဲမှ ဆေးဓာတ်များ အမြန်ဆုံး အောက်သို့ စိမ့်ဆင်းသွားစေရန် နှမ်းခင်းထဲသို့ ရေအမြန်သွင်းပေးပါ (သို့မဟုတ်) ရေသီးသန့်ဖြင့် အပင်များပေါ်မှ ဆေးများဆေးကြောသွားအောင် အပေါ်မှ ရေပက်ဖြန်းပေးပါ။ ဆေးလောင်ခြင်းဒဏ်ကြောင့် ဖြစ်ပေါ်လာသော အပင်၏ စိတ်ဖိစီးမှု ကို လျှော့ချပေးရန်နှင့် ဆဲလ်အသစ်များ အမြန်ပြန်လည်ရှင်သန်လာစေရန် အမိုင်နိုအက်ဆစ် နှင့် အနည်းလိုရွက်ဖျန်းအားဆေးကို သတ်မှတ်နှုန်းထားထက် အနည်းငယ်လျှော့၍ ၃ ရက်တစ်ကြိမ် (၂ ကြိမ်ခန့်) အမြန်ဆုံး ပက်ဖြန်းပေးပါ။အကယ်၍ ဆေးဖျန်းပြီး ၅ ရက်ကျော်သွားပြီး အပင်များ၏ ပင်မပင်စည်ပါ ပုပ်စပြုလာလျှင် သို့မဟုတ် အရွက်များအားလုံး ကရွတ်ခွေလိပ်ကာ ခြောက်သွေ့သွားလျှင်တော့ အချိန်နှင့် သွင်းအားစု ကုန်ကျစရိတ် သက်သာစေရန် အဆိုပါအခင်းကို ထယ်ပြန်ထိုး၍ အသစ်ပြန်လည် စိုက်ပျိုးခြင်းကသာ အကောင်းဆုံးနှင့် အသေချာဆုံး နည်းလမ်းဖြစ်ပါကြောင်း အကြံပြုချင်ပါတယ်ခင်ဗျာ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။