အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ခင်ဇော်ဝင်း
လွန်ခဲ့သော ၄ နာရီ က · ပင်းတယ

ဆရာခင်ဗျဆေးလောင်တာလားဘက်တီးရီးယားလားခင်ဗျကော့ပါး50ဂရမ်ကာဇူကာမိုင်စင်50စီဖြန်းထားပါတယ်သုံးသပ်ပေးပါဦးခင်ဗျ

ပိုးမွှားရောဂါ မုန်ညင်း
Post image
Post image
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 404,144 လွန်ခဲ့သော ၅၂ မိနစ် က

@ခင်ဇော်ဝင်း ပုံပါ မုန်ညင်းရွက်တွင် တွေ့ရသော လက္ခဏာသည် ဒေါင်းနီးရွက်ခြောက်ရောဂါ (Downy Mildew) ကြောင့် အရွက်တစ်ရှူးများ ကြိုတင်ပျက်စီးနေခြင်း ဖြစ်ပြီး ဆေးမဖျန်းခင်ကတည်းက ရောဂါပိုး အခံရှိနေခဲ့ခြင်း ဖြစ်နိုင်ပါတယ်။ ကော့ပါးအခြေခံဆေး (Copper oxychloride) ဖျန်းလိုက်သောအခါ ဆေး၏အာနိသင်ကြောင့် ရောဂါရနေပြီးသား တစ်ရှူးများ လျင်မြန်စွာ ပုပ်ခြောက်သွားသဖြင့် ဆေးဖျန်းပြီးမှ ဖြစ်လာသည်ဟု ထင်ရခြင်း ဖြစ်နိုင်ပါတယ်။ ၎င်းသည် ဆေးလောင်ခြင်း မဟုတ်ဘဲ အရွက်ကြောကွက်များအတိုင်း ကန့်သတ်ခြောက်သွေ့နေခြင်းက ရောဂါကြောင့်ဖြစ်ကြောင်း သက်သေပြနေပါတယ်။ ဒေါင်းနီးရွက်ခြောက်အတွက် ကော့ပါးထက် ပိုမိုထိရောက်သော မက်တယ်လပ်ဆီး (Metalaxyl) သို့မဟုတ် ဒီုင်မီသိုမော့ (Dimethomorph) + Cymoxanil ကဲ့သို့သော မှိုသတ်ဆေးများကို ပြောင်းလဲအသုံးပြုသင့်ပါတယ်။ဆေးတခါဖျန်းပြီးတိုင်း ရောဂါကျအရွက်များဆက်လက်ပျံ့ပွားမှုရှိမရှိအမြဲစစ်ဆေးပါ။ ‌ Copper oxychloride+ Kasugamycin ကိုဘယ်အချိန်မှာဖျန်းခဲ့တာလည်း၊ အခုပုံထဲကလိုက ဆေးဖျန်းပြီးမှဖြစ်သွားတာလား၊ ဖြေပေးထားပါဦး၊ ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မုန်ညှင်းကို GAP လမ်းညွှန်ချက်အတိုင်းစိုက်ပျိုးသောတောင်သူများနှင့်အဆက်အသွယ်ရချင်ပါတယ်ရှင်

ဖြေကြားချက် 2 ခု

စိုက်ခင်းထဲမှာ ပက်ကျိတွေများနေတာ ဘာဆေးနဲ့နှိမ်နှင်းလို့ရနိုင်လဲ တခြားနည်းလမ်းတွေရှိရင်လဲ အကြံပေးကြပါဦးရှင်

ဖြေကြားချက် 1 ခု

ပိုးကျတာလား ရောဂါလား ဆရာတို့ရေ ဘာဆေးဖြန်းရမလည်း ညွှန်းပါဦး

ဖြေကြားချက် 1 ခု

မုန်ညင်းစိုက်တာ အရွက်တွေတွန့်လာလို့ ဘာကြောင့်လဲသိချင်ပါတယ်။စစိုက်ခါစတုန်းက အရွက်တွေက ဖားဖားကြီးတွေ နောက်ပိုင်း...

ဖြေကြားချက် 4 ခု

မုန်ညင်းစိုက်တာ အရွက်တွေက တွန့်လာလို့ဘာဖြစ်ကြောင့်ဖြစ်တာလဲသိချင်ပါတယ်ခင်ဗျာ။

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။