ဘက်တီးရီးယားလား ဆေးလောင်တာလားဆရာခင်ဗျ
@ခင်ဇော်ဝင်း ပုံပါ မုန်ညင်းရွက်တွင် တွေ့ရသော လက္ခဏာသည် ဒေါင်းနီးရွက်ခြောက်ရောဂါ (Downy Mildew) ကြောင့် အရွက်တစ်ရှူးများ ကြိုတင်ပျက်စီးနေခြင်း ဖြစ်ပြီး ဆေးမဖျန်းခင်ကတည်းက ရောဂါပိုး အခံရှိနေခဲ့ခြင်း ဖြစ်နိုင်ပါတယ်။ ကော့ပါးအခြေခံဆေး (Copper oxychloride) ဖျန်းလိုက်သောအခါ ဆေး၏အာနိသင်ကြောင့် ရောဂါရနေပြီးသား တစ်ရှူးများ လျင်မြန်စွာ ပုပ်ခြောက်သွားသဖြင့် ဆေးဖျန်းပြီးမှ ဖြစ်လာသည်ဟု ထင်ရခြင်း ဖြစ်နိုင်ပါတယ်။ ၎င်းသည် ဆေးလောင်ခြင်း မဟုတ်ဘဲ အရွက်ကြောကွက်များအတိုင်း ကန့်သတ်ခြောက်သွေ့နေခြင်းက ရောဂါကြောင့်ဖြစ်ကြောင်း သက်သေပြနေပါတယ်။ ဒေါင်းနီးရွက်ခြောက်အတွက် ကော့ပါးထက် ပိုမိုထိရောက်သော မက်တယ်လပ်ဆီး (Metalaxyl) သို့မဟုတ် ဒီုင်မီသိုမော့ (Dimethomorph) + Cymoxanil ကဲ့သို့သော မှိုသတ်ဆေးများကို ပြောင်းလဲအသုံးပြုသင့်ပါတယ်။ဆေးတခါဖျန်းပြီးတိုင်း ရောဂါကျအရွက်များဆက်လက်ပျံ့ပွားမှုရှိမရှိအမြဲစစ်ဆေးပါ။ Copper oxychloride+ Kasugamycin ကိုဘယ်အချိန်မှာဖျန်းခဲ့တာလည်း၊ အခုပုံထဲကလိုက ဆေးဖျန်းပြီးမှဖြစ်သွားတာလား၊ ဖြေပေးထားပါဦး၊ ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
ဆရာခင်ဗျဆေးလောင်တာလားဘက်တီးရီးယားလားခင်ဗျကော့ပါး50ဂရမ်ကာဇူကာမိုင်စင်50စီဖြန်းထားပါတယ်သုံးသပ်ပေးပါဦးခင်ဗျ
ဖြေကြားချက် 0 ခု
မုန်ညှင်းကို GAP လမ်းညွှန်ချက်အတိုင်းစိုက်ပျိုးသောတောင်သူများနှင့်အဆက်အသွယ်ရချင်ပါတယ်ရှင်
ဖြေကြားချက် 2 ခု
စိုက်ခင်းထဲမှာ ပက်ကျိတွေများနေတာ ဘာဆေးနဲ့နှိမ်နှင်းလို့ရနိုင်လဲ တခြားနည်းလမ်းတွေရှိရင်လဲ အကြံပေးကြပါဦးရှင်
ဖြေကြားချက် 1 ခု
ပိုးကျတာလား ရောဂါလား ဆရာတို့ရေ ဘာဆေးဖြန်းရမလည်း ညွှန်းပါဦး
ဖြေကြားချက် 1 ခု
မုန်ညင်းစိုက်တာ အရွက်တွေတွန့်လာလို့ ဘာကြောင့်လဲသိချင်ပါတယ်။စစိုက်ခါစတုန်းက အရွက်တွေက ဖားဖားကြီးတွေ နောက်ပိုင်း...
ဖြေကြားချက် 4 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။