အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဒေါ်ဇာနည်လင်း
လွန်ခဲ့သော ၂ နာရီ က · ထန်းတပင်

မဂ်လာပါ ကျွန်မကရွှေပန်းစိုက် တောင်သူတစ်ယောက်ပါ ရွှေပန်းတွေအပွင့်များများပွင့်အောင် ဘာမြေသြဇာကျွေးရမလဲ ဘယ်လိုပြုစုရမလဲ အပွင့်အားဆေးဘယ်ဆေးတွေဖျန်းသင့်ပါသလဲ စနစ်တကျပြုစုပုံလည်း သိပါရစေ။ အခုရွာမှာရွှေပန်းပွင့်တဲ့မျိုးနဲ့ပန်းသိပ်မပွင့်တဲ့မျိုးဆိုပြီး နှစ်မျိုးရှိတယ်ဆိုပြီးပြောနေကြတယ် ရွှေပန်းက အရပ်ထဲကလူတွေပြောသလိုမျိုးကွဲရှိသလားသိချင်ပါတယ်ရှင်

စိုက်ပျိုး ဗဟုသုတ ငွေပန်း

ဖြေကြားချက် ၂ ခု

ဦးခိုင်မင်းဇော်
ဦးခိုင်မင်းဇော် 82 လွန်ခဲ့သော ၁ နာရီ က

အေးခုတို့ဆီမှာလည်းပြသနာတက်နေတယ် ရွှေပန်း မျိုး နှစ်မျိုးရှိတယ်ဆိုပြီး ပွင့်တဲ့စိုက်ခင်းနဲ့ သိပ်မပွင့်တဲ့စိုက်ခင်းဆိုပြီး ဆရာပြောမှပဲရှင်းတော့တယ်

သော်ဇင်
သော်ဇင် 405,452 လွန်ခဲ့သော ၂ နာရီ က

@ဒေါ်ဇာနည်လင်း ရွှေပန်းပင်တွေ အပွင့်များများပွင့်ဖို့အတွက်ဆိုရင် အပင်ခြေကို မြေဆွေး၊ နွားချေးဆွေး ထည့်ပေးရမည့်အပြင် ပန်းပွင့်အားကောင်းစေတဲ့ တီစူပါ (Phosphorus) နှင့် ပိုတက်ရှ် (Potassium) ဓာတ်မြေဩဇာ ကျွေးပေးဖို့ လိုအပ်ပါတယ်။ အပွင့်အားဆေးအနေနဲ့ ဖော့စဖရပ်နှင့် ပိုတက်ဆီယမ် ရာခိုင်နှုန်းများတဲ့ NPK (10-52-10) သို့မဟုတ် (0-52-34) ကဲ့သို့ ရွက်ဖျန်းအားဆေးတွေကို ပန်းမပွင့်ခင် (၇) ရက်၊ (၁၀) ရက်အလိုကတည်းက စတင်ဖျန်းပေးသင့်ပါတယ်။ စနစ်တကျ ပြုစုရာမှာ အဓိကအချက်က ပန်းပွင့်ပြီးသွားတဲ့ အခိုင်ပါတဲ့ ပင်စည်အအိုတွေကို အောက်ခြေကနေ ကပ်ဖြတ်ပေးရမှာဖြစ်ပြီး၊ ဒါမှသာ သားတက်သစ်တွေထွက်ပြီး ပန်းအဆက်မပြတ် ပွင့်မှာဖြစ်ပါတယ်။ အရပ်ထဲကပြောနေကြတဲ့ မျိုးကွဲကိစ္စကတော့ ရွှေပန်းမှာ ရုက္ခဗေဒသဘောအရ မျိုးစိတ်ကွဲတာမျိုး မဟုတ်ဘဲ ဥအို/ဥနု ကွာခြားချက်နှင့် ပြုစုစောင့်ရှောက်မှု၊ မြေဩဇာကျွေးမှု အားနည်းချက်ကြောင့်သာ ပွင့်အားကွာခြားသွားရခြင်း ဖြစ်ပါတယ်ခင်ဗျာ။ ငွေပန်းမျိုးစိတ်ဖြင့်မှားသလား၊ သေချာမေးကြည့်ပါဦး။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ဆက်စပ်မေးခွန်းများ

ငွေပန်စိုက်ချင်လို့ဗျာ နေရာကျယ်တယ် သိချင်တာက ဘယ်အချိန်စိုက်ရလဲ ဘယ်လောက်ကြာရင်ငွေပေါ်လဲ ဘယ်လိုစိုက်ရလဲ ဘယ်အဟာရ...

ဖြေကြားချက် 1 ခု

ရွှေပန်းပင်ကိုစိုက်ပျိုးတဲ့အခါပင်ကြား အတန်းကြားဘယ်လောက်အကွာအဝေးစိုက်သင့်ပါသလဲဆရာတို့ခင်ဗျာ

ဖြေကြားချက် 1 ခု

ရွှေပန်းပင်ကိုတူးပြီး စိုက်ခင်းထဲမရောက်ခင် အပင်အရိပ်အောက်မှာတစ်လလောက်ထားလို့ရပါသလားခင်ဗျာ ပြီးလျှင်စိုက်ဘောင်...

ဖြေကြားချက် 1 ခု

ရွှေပန်းပင်က အဖို အမရှိပါသလား အိမ်ကပန်းပင်တွေက သူများပန်းတွေလောက်အပွင့်မပွင့်လို့ပါ

ဖြေကြားချက် 2 ခု

ငွေပန်းထွက်လာတဲ့အတက်သေးပီးအပင်တွေမျှင်နေလို့ အပင်တုတ်၊အပင်ကြီးအောင်ဘာဓာတ်မြေဩဇာသုံးရမလဲပုံမှန်၁၅ပတ်လည်တော့သုံး...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။