အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
koHein Htet Soe
လွန်ခဲ့သော ၂ နာရီ က · ဓနုဖြူ

မတ်ပဲအဲ့လိုတွေသေနေတာတွေ့လို့ပါ အမြစ်အပေါ်တစ်လက်မလောက်ကပုတ်သလို ခြောက်သလိုဖြစ်နေလို့ပါ ဘာဖြစ်တာလဲဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၂၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
ပင်စည်
ရာသီဥတု (တစ်ပတ်အတွင်း)
အသင့်တင့် နေသာပြီး မိုးထစ်ချုန်း
ပိုးမွှားရောဂါ မတ်ပဲ
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 405,452 လွန်ခဲ့သော ၂ နာရီ က
ဤအဖြေဖြင့် ပြေလည်

@koHein Htet Soe မတ်ပဲ ပင်စည်ပုပ်/မြစ်ပုပ်ရောဂါ (Phytophthora Blight) ကျတာပါ၊ ဒီရောဂါသည် Phytophthora မှိုကြောင့်ဖြစ်ပြီး စိုက်ခင်းအတွင်း ရေဝပ်ခြင်း၊ အစိုဓာတ်လွန်ကဲခြင်းနှင့် မိုးဆက်တိုက်ရွာခြင်းတို့ကြောင့် အဓိက ဖြစ်ပွားပါတယ်။ ရောဂါလက္ခဏာအနေဖြင့် ပင်စည်နှင့် အမြစ်များတွင် ညိုမည်းသော အနာကွက်များ ဖြစ်ပေါ်ကာ ပုပ်ပြီး အပင်များ အကွက်လိုက် ရုတ်တရက် ညှိုးသေသွားတတ်ပါတယ်။ ကာကွယ်နှိမ်နင်းရန်အတွက် ရောဂါရအပင်များကို နှုတ်ယူမီးရှို့ဖျက်ဆီးခြင်း၊ စိုက်ခင်းအတွင်း ရေမဝပ်အောင် ရေထုတ်မြောင်းများ စနစ်တကျ ဖောက်လုပ်ခြင်းတို့အပြင် Azoxystrobin ပါဝင်သောမှိုသတ်ဆေးကို အပင်အပေါ်ပိုင်းဖျန်းပေးပြီး Fosetyl-aluminium သို့မဟုတ် Hymexazol ပါဝင်သော မှိုသတ်ဆေးတစ်မျိုးမျိုးကို ဆေးအညွှန်းပါအတိုင်း အပင်ခြေ မြေကြီးထိ စိုရွှဲအောင် စနစ်တကျ ပက်ဖျန်းပေးရပါမယ်။မြေဆောင်ရောဂါဖြစ်တာကြောင့် အသေအပျောက်နည်းရုံသာထိန်းလို့ရပါမယ် ၊နောက်နှစ်တွေအတွက်ဆိုရင်သီးလှည့်စိုက်ပျိုးပါ၊ မြေချဉ်ပါက ထုံးထည့်မြေပြင်ပါ၊ မြေခံမှာထရိုင်ကိုဒါးမားထည့်ပါ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။