ဒီဆေးတွေကရောဖျန်းလို့ရနိုင်မလားဗျ။
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၄၅ ရက်
- မည်သည့်အပိုင်း ထိခိုက်သနည်း?
- တစ်ပင်လုံး
- ရာသီဥတု (တစ်ပတ်အတွင်း)
- နေသာ
@မောင်မော် မတ်ပဲ ၄၅ ရက်သားတွင် Chlorfenapyr + Indoxacarb (အာမိုအိုင်စီ)၊ Emamectin Benzoate နှင့် Propiconazole + Difenoconazole (အာမို ဗီးနပ်စ်) ဆေး (၃) မျိုးလုံးကို ဘေးကင်းစွာ ရောစပ်ပက်ဖျန်းနိုင်ပါတယ်။ ဆေးဖျော်စပ်ရာတွင် ဆေးခဲခြင်းမဖြစ်စေရန် ရေကြည်ထဲသို့ အမှုန့်/ဆေးခဲ (Emamectin) ကို အရင်ဆုံး ပျော်ဝင်အောင် ဖျော်ပြီးမှ ဆေးရည်ပျစ် (အာမိုအိုင်စီ) နှင့် ဆီဆေးပုံစံ မှိုသတ်ဆေး (အာမို ဗီးနပ်စ်)EC တို့ကို အစီအစဉ်အတိုင်း တစ်မျိုးစီ သီးခြားဖျော်၍ ထည့်မွှေရပါမယ်။ မတ်ပဲပွင့်ချိန်/သီးကင်းဝင်ချိန်ဖြစ်၍ ဝတ်မှုံကူးအကျိုးပြုပိုးများ မသေစေရန် မြေအစိုဓာတ်ရှိချိန် ညနေခင်း နေအေးချိန်တွင်သာ ပက်ဖျန်းပေးသင့်ပြီး၊ ပိုးသတ်ဆေး နှစ်မျိုးစပ်ဖြစ်၍ ဆေးနှုန်းထားများကို ပုံမှန်နှုန်းထားထက်ပိုသုံးစွဲခြင်းမျိုးမပြုလုပ်ပါနဲ့။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
မြေဆီလွှာကph5.1လောက်ဖြစ်နေတယ် ဒိုလိုမိုက်ထည့်ရင်ဘာါလောက်kgထည့်သင့်လဲ 1ဧကနုန်းသိ်ျင်ပါတယ်
ဖြေကြားချက် 1 ခု
မတ်ပဲစိုက်ပျိုးရေးအတွက်မြေခံကိုစပါးရိတ်သိမ်းပြီး(သို့မဟုတ်)မြေအစိုဓာတ်ဘယ်လောက်မှာထည့်လို့ရပါသလဲအကြံပေးပေးပါ
ဖြေကြားချက် 1 ခု
ဒီနေ့ညနေ မတ်ပဲကြဲပြီးရိုးပြတ်ကို စက်နဲ့ဖိထားတယ် မနက်ဖြန် ရိုးပြတ်ကို ပေါင်းသတ်ဆေးဖျန်းရင် မတ်ပဲကို ထိနိုင်လား...
ဖြေကြားချက် 3 ခု
ဆရာခင်ဗျ အရင်နှစ်ကမတ်ပဲခင်းမှာ အပွင့်တန်းလန်း အသီးတန်းလန်းနဲ့သေတဲ့အပင်တေအတော်များခဲ့ပါတယ် အသီးတေကမမှည့်သေးဘဲ အ...
ဖြေကြားချက် 3 ခု
မတ်ပဲကျဲဖို့အတွက် လယ်တစ်ခွက်က အစိုဓာတ်နည်းနေပါတယ် ထိုလယ်အတွက် မတ်ပဲမျိုးကို ရေတစ်ညလောက်စိမ်ပြီး ပတ်လို့ရပါသလား...
ဖြေကြားချက် 8 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။