အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
mg mg si
mg mg si 39
လွန်ခဲ့သော ၁ ပတ် က · တံတားဦး

ပဲနီပြားက တဧကကိုမျိုးဘယ်လောက်ကြဲသင့်သလဲ?အရိပ်အနည်းငယ်ရှိတဲ့သရက်ခြံထဲမှာကြဲရင်ဖြစ်နိုင်လားခင်ဗျာ။အပင်ဖြစ်ထွန်းချိန်မှာရေအနည်းငယ်သွင်းရင်ကြိုက်သလားဗျာ။

စိုက်ပျိုးနည်း ပဲနီကြား

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 433,202 လွန်ခဲ့သော ၁ ပတ် က

@mg mg si အရိပ်မများရင်တော့အဆင်ပြေပါတယ်ခင်ဗျာ၊ ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

mg mg si
mg mg si 39 လွန်ခဲ့သော ၁ ပတ် က

@သော်ဇင် အရိပ်ကတအားမမျာပါဘူး။

သော်ဇင်
သော်ဇင် 433,202 လွန်ခဲ့သော ၁ ပတ် က

@mg mg si ပဲနီကြားစိုက်ပျိုးရာတွင် တစ်ဧက မျိုးစေ့နှုန်းထားအဖြစ် အတန်းလိုက်စိုက်လျှင် ၆-၈ ပြည်၊ ကြဲပက်စိုက်လျှင် ၁၀-၁၂ ပြည် လိုအပ်ပါတယ်။ သရက်ခြံအတွင်း အရိပ်အောက်တွင် စိုက်ပျိုးခြင်းသည် နေရောင်ခြည် အပြည့်အဝမရသဖြင့် အပင်များအဆစ်ရှည်ပြီး အပွင့်အသီးနည်းကာ အထွက်နှုန်းကျဆင်းနိုင်သဖြင့် မစိုက်ပျိုးသင့်ပါဘူး။ သို့သော် အပင်ကြီးထွားချိန်နှင့် ပန်းပွင့်သီးတောင့်တင်ချိန်များတွင် ရေဝပ်ခြင်းမရှိစေဘဲ ရေအနည်းငယ် (အစိုဓာတ်ရရုံ) သွင်းပေးခြင်းကို အလွန်ကြိုက်နှစ်သက်ပြီး အထွက်နှုန်းကို ပိုမိုကောင်းမွန်စေပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။