အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
maungsoethuwin
လွန်ခဲ့သော ၃ နာရီ က · ဘားအံ

ဘာ‌မှိုမျိုးလဲ ဖျူစေရီယမ်လား အမြစ်ပုတ်တာလား သိချင်ပါတယ် အပင်ငယ်လဲသေတယ် အပင်ကြီးလဲသေတယ် တစ်တန်းမှာ၁၀ပင်လောက်

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၃၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အမြစ်
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့် နေသာ နေရာကွက်ကျားမိုးရွာ
ပိုးမွှားရောဂါ ပဲတောင့်ရှည်
Post image
Post image
Post image
Post image
Post image

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 416,051 လွန်ခဲ့သော ၁ နာရီ က

@maungsoethuwin ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

သော်ဇင်
သော်ဇင် 416,051 လွန်ခဲ့သော ၁ နာရီ က

@maungsoethuwin ပုံပါ ပဲတောင့်ရှည်ပင်ငယ်များ တစ်တန်းလုံး ညှိုးသေပြီး အမြစ်ဆွေးပြတ်ထွက်လာခြင်းသည် မြေဆောင်မှိုကြောင့်ဖြစ်သော ဖျူစေရီယမ်ပင်ညှိုး/မြစ်ပုပ်ရောဂါ (Fusarium Wilt/Root Rot) လက္ခဏာ ဖြစ်နိုင်ခြေ အလွန်များပါတယ်ခင်ဗျာ။ ဤရောဂါဟုတ်မဟုတ် တိကျစွာ ခွဲခြားရန် အပင်ခြေကို ဓားဖြင့် ဒေါင်လိုက်ခွဲကြည့်ပါက ပင်စည်အတွင်း ရေကြောများ ညိုမည်းနေသည်ကို တွေ့ရမည် ဖြစ်ပြီး ရိုင်ဇိုတိုနီးယား (Rhizoctonia) မြစ်ခြောက်ဆွေး ဖြစ်ပါက မီးသွေးမှုန့်ကဲ့သို့ မှိုစေ့မည်းမည်းလေးများ တွေ့ရပါမယ်။ ရောဂါသက်သာစေရန် ရောဂါရပင်များကို နှုတ်ယူမီးရှို့ဖျက်ဆီးပြီး Hymexazolသို့မဟုတ် ကာဘင်ဒါဇင် (Carbendazim) သို့မဟုတ် သီအိုဖနိတ်မီသိုင်း (Thiophanate-methyl) ပင်လုံးပျံ့မှိုသတ်ဆေး အမြစ်ခြေထိ စိမ့်ဝင်အောင် အမြန်ဆုံး ဖျန်းပေးရပါမယ်။ Azoxystrobin မှိုဆေးကို အပင်အပေါ်ပိုင်းဖျန်းပေးပါ။နောင်သီးနှံရာသီများတွင် မြေပြင်ချိန်၌ ထရိုင်ကိုဒါးမား (Trichoderma) အကျိုးပြုမှိုကို မြေခံထည့်ပေးခြင်းဖြင့် ဤမြေဆောင်မှိုရောဂါကို ရေရှည်ကာကွယ်နိုင်ပါလိမ့်မယ်။ မြေဆောင်ရောဂါဖြစ်တာကြောင့် မြေပြင်မှရပါမယ်၊ ဆေးဖျန်းခြင်းက အသေအပျောက်နည်းရန်သာထိန်းလို့ရပါမယ်ခင်ဗျာ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။