ငရုတ်အရွက်တွေပုံထဲကလိုဖြစ်နေလို့ဘာပိုးကျ ဘာဆေးဖျန်းရမလဲဆရာတို့
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
@ထက်သူ ပုံပါ ငရုတ်ပင်သည်Chili leaf curl virus (ရွက်လိပ်ဗိုင်းရပ်စ်ရောဂါ) နှင့် Thrips (လှေးပိုး) ဖျက်ဆီးမှုကို တစ်ပြိုင်နက် ခံနေရခြင်း ဖြစ်ပါတယ်။ လှေးပိုးကြောင့် အရွက်များ အပေါ်သို့ လှေခွက်ကဲ့သို့ လိပ်တက်ပြီး ဗိုင်းရပ်စ်ကြောင့် အရွက်များ တွန့်ရှုံ့ဖြစ်သွားရခြင်း ဖြစ်ပါတယ်။စိုက်ပျိုးရေးလမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ ကုသရန်အတွက် လှေးပိုးအတွက် ဖစ်ပရိုနေးလ် (Fipronil) သို့မဟုတ် အီမာမက်တင် (Emamectin) ၊ အီမီဒါကလိုပရစ် (Imidacloprid) ပင်လုံးပျံ့ပိုးသတ်ဆေးများကို (၇) ရက်တစ်ကြိမ် လှည့်ပတ်ပက်ဖျန်းသုံးစွဲလေ့ရှိတယ်။ ပိုးဆေးဖျန်းပြီး ၅ရက်အကြာမှာ ဇင့် (Zinc)အနည်းလိုအဟာရအားဆေး နှင့် အမိုင်နိုအက်ဆစ် အားဆေးများ ဖျန်းပေးရပါမယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
ငရုတ်ပင်တွေသေနေလို့ဗျ ဘယ်လိုလုပ်ရမလဲဆရာတို့
ဖြေကြားချက် 1 ခု
ထရိုင်ဂိုဒါးမား ကို ငါးအမိုင်နို EM တို့နဲ့ရောစပ်အသုံးပြုလို့ရလား ရင်တော ဘယ်အရွယ် လောက်မှာစပြီးပတ်ဖြန်းသင့်လဲ...
ဖြေကြားချက် 2 ခု
ငရုပ်သီး စိုက်ရင်( ရေ အစက်ပေးတဲ့ စနစ်နဲ့ ။ ရေပန်း ပေးတဲ့ စနစ် )နှစ်ခုအားသာ ချက် အားနည်းချက်ပြောပြပေးလို့ရမလား
ဖြေကြားချက် 2 ခု
ငရုတ်ပင် စိုက်ပျိုးဖြစ်ထွန်းဖို့ အစကနေအဆုံးထိဘယ်လိုလုပ်ဆောင်ရမလဲခမျ
ဖြေကြားချက် 1 ခု
ငရုပ် ခရမ်းချဥ် ရုံးပတီ သခွား ပျိုးပင်းအဆင့်မှာဘာအားဆေးဖြန်းလို့ရသလဲခင်ဗျာ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။