အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ဦးစောမောင်ဌေး
လွန်ခဲ့သော ၆ နာရီ က · ကျောင်းကုန်း

ပိုးသတ်ဆေးတို့ အပင်အားဆေးတို့ဖျန်းပြီး ဘယ်အချိန်လောက်မိုးနဲ့လွတ်ရင် ရပါသလဲ

ပိုးမွှားရောဂါ မတ်ပဲ

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 416,817 လွန်ခဲ့သော ၆ နာရီ က
ဤအဖြေဖြင့် ပြေလည်

@ဦးစောမောင်ဌေး ယေဘုယျအားဖြင့် ပိုးသတ်ဆေးနှင့် အပင်အားဆေး ရောစပ်ပက်ဖျန်းပြီးနောက် အနည်းဆုံး ၂ နာရီမှ ၄ နာရီခန့် မိုးလွတ်ရန် လိုအပ်ပါတယ်။ အပင်မှ ဆေးအာနိသင်ကို ပြည့်ဝစွာ စုပ်ယူနိုင်ရန် ဤအချိန်ပမာဏ လိုအပ်ခြင်းဖြစ်ပြီး၊ မိုးရွာနိုင်ခြေရှိပါက ဆေးစွဲကပ်ပျံ့နှံ့စေး တွဲဖက်သုံးစွဲခြင်းဖြင့် မိုး ရေဆေးချခြင်းကို ကာကွယ်နိုင်ပါတယ်။ ရာသီဥတု မတည်ငြိမ်ပါက ဆေးဖျန်းခြင်းကို ခေတ္တဆိုင်းငံ့ထားသင့်ပါတယ်ခင်ဗျာ

သော်ဇင်
သော်ဇင် 416,817 လွန်ခဲ့သော ၆ နာရီ က

@ဦးစောမောင်ဌေး ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မိုခါမတ်ပဲမျိုးကို၁ဧကကိုဘယ်နှုန်းလောက်ကြဲသင့်ပါသလဲ လယ်မြေအမျိုးအစားပါ

ဖြေကြားချက် 1 ခု

ငမြောင်တောင်ဆေးဖျန်းမလို့ပါ မနက်စောစောဖျန်းသင့်လားညနေစောင်းဖျန်းသင့်လားဗျ ညနေပိုင်းကမိုးမိမှာဆိုးလို့ မနက်အစော...

ဖြေကြားချက် 2 ခု

မတ်ပဲမှာပဲမွေဟောက်ဆိုတဲ့မျိုးရဲ့အပင်ပုံကိုယခင်နှစ်ကစိုက်ဖူးသောတောင်သူများထံတွင်ရှိလျှင်ကြည့်ချင်ပါသည်

ဖြေကြားချက် 1 ခု

ဆရာကြီးခင်ဗျာ ဒေသအခေါ် မြက်နီ/မြက်သအုပ်လို့ခေါ်ပါတယ် မတ်ပဲကြားပေါင်းဆေးဖြန်းတာ ကျန်တဲ့မြက်သေပါတယ် အဲမြက်က မသေ...

ဖြေကြားချက် 3 ခု

အပေါ်မြေဆီလွှာလက်မဝက်ကအရပ်ခေါ်ဖွတ်ချီးမြေ အောက်အလွှာကမြေစေးပါမတ်ပဲစိုက်တာသိပ်အဆင်မပြေဘူးပန်းပွင့်ခါနီးအပင်က‌...

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။