အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
May Myat Noe Khin
လွန်ခဲ့သော ၁ နာရီ က · လှည်းကူး

Biofloc System နဲ့ ငါးမွေးမြူရေးမှာ biofloc စတင်ဖြစ်ဖို့ ဘယ်လိုဆောင်ရွက်ရမလဲ နည်းလမ်းအဆင့်ဆင့်သိချင်လို့ပါရှင်

မွေးမြူနည်း ငါး

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 417,233 လွန်ခဲ့သော ၄၆ မိနစ် က

@May Myat Noe Khin Biofloc စနစ်ဖြင့် ငါးမွေးမြူခြင်းကို စတင်ရန်အတွက် ပထမဦးစွာ အောက်ဆီဂျင်ကို ၂၄ နာရီပတ်လုံး အဆက်မပြတ် ပေးနိုင်မည့် လေမှုတ်စက် (Aeration System) တပ်ဆင်ထားသော ပလတ်စတစ်မိုးကာဝိုင်းကန် (Tarpaulin Tank) ကို ပြင်ဆင်ရပါမယ်။ ထို့နောက် ကန်ထဲသို့ ရေဖြည့်ပြီး အရည်အသွေးမြင့် ပရိုဘိုအိုတစ် (Probiotics ဘက်တီးရီးယား) နှင့် ကာဗွန်ရင်းမြစ်ဖြစ်သော တင်လဲရည် တို့ကို ထည့်သွင်းကာ Floc ခေါ် အကျိုးပြုဘက်တီးရီးယားအုပ်စုများ ဖြစ်ထွန်းလာစေရန် ၇ ရက်မှ ၁၀ ရက်ခန့် လေပြင်းပြင်းပေး၍ ရေကို ကြိုတင်ပြုစုရပါမယ်။ ရေအရောင် စိမ်းညိုရောင် ပြောင်းလဲလာပြီး အမိုးနီးယားဓာတ် ကင်းစင်သွားချိန်မှသာ သိပ်သည်းဆ မြင့်မြင့်မွေးနိုင်သော တီလားပီးယား သို့မဟုတ် ငါးခူသားပေါက်များကို စတင်ထည့်သွင်းရမည်ဖြစ်ပြီး၊ မွေးမြူစဉ်ကာလတစ်လျှောက်လုံးတွင်လည်း အမိုးနီးယားကို ထိန်းချုပ်ရန် ကာဗွန်နှင့် နိုက်ထရိုဂျင်အချိုး (C:N Ratio 15:1) ကို တင်လဲရည်ပုံမှန်ထည့်ပေးခြင်းဖြင့် စနစ်တကျ ထိန်းသိမ်းစောင့်ကြည့်ရပါမယ်ခင်ဗျာ၊ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။