ဆရာခင်ဗျဘက်တီးရီးယားလို့ထင်ပြီးကာဆူကာမိုင်စင်ဖြန်းထားပါတယ်သုံးသပ်ပေးပါအုံးခင်ဗျ ပြီးတော့အသီးထွက်နုန်းလည်းနည်းနေတယ်နောက်ချိုးမြင့်မြေဆီကျွေးရမှာလားခင်ဗျရေခြံတော့မဟုတ်ဘူးဆရာ။
@ခင်ဇော်ဝင်း ရောဂါက စောပင်နာကျရောဂါကျနေတာပါ။ခရမ်းချဉ်ပင်တွင် ဖြစ်ပွားနေသော စောပင်နာကျရောဂါ (Early Blight) သည် 'မှို' ကြောင့် ဖြစ်ပွားခြင်း ဖြစ်သောကြောင့် 'ဘက်တီးရီးယား' သတ်ဆေးဖြစ်သည့် ကာဆူကာမိုင်စင် (Kasugamycin) သည် ရောဂါပျောက်ကင်းရန် ထိရောက်မှု မရှိနိုင်ပါဘူး။ ရောဂါကို ကာကွယ်ရန်အတွက် မန်ကိုဇက် (Mancozeb)သုံးလို့ရပြီး အခုလိုအချိန်မှာ ကုသရန်အတွက် အဇိုဆီစထရိုဘင် (Azoxystrobin)၊ Metiram+ Pyraclostrobin၊ ကဲ့သို့သော မှိုသတ်ဆေး သီးသန့်များကို ပြောင်းလဲပက်ဖျန်းပေးရပါမည်။ ထို့ပြင် အသီးထွက်နှုန်း ကောင်းမွန်စေရန် ဖော့စဖရပ်နှင့် ပိုတက်စီယမ် (P, K) အချိုးမြှင့် မြေဩဇာများ ကျွေးပေးရန် လိုအပ်သော်လည်း၊ ရေသွင်းစိုက်ပျိုးသည့်ခြံမဟုတ်သဖြင့် အပင်အာဟာရ စုပ်ယူနိုင်ရန်နှင့် အမြစ်မလောင်စေရန်အတွက် မြေဆီလွှာတွင် အစိုဓာတ်ရှိနေချိန် သို့မဟုတ် မိုးရွာပြီးစအချိန်တွင်သာ ရွေးချယ်ကျွေးပတ်ပေးသင့်ပါတယ်။စောပင်နာကျရောဂါသည် အောက်ခြေအရွက်အဟောင်းများမှ စတင်တတ်သဖြင့် ရောဂါလက္ခဏာပြနေသော၊ ဝါနေသော အောက်ခြေအရွက်များကို ဆွတ်ခူး၍ ခြံပြင်ပတွင် မီးရှို့ဖျက်ဆီးပစ်ပါ။ရေလောင်းသည့်အခါ သို့မဟုတ် မိုးရွာသည့်အခါ မြေကြီးထဲမှ မှိုစပိုးများ အရွက်ပေါ်သို့ စင်မတက်စေရန် အပင်ခြေတွင် ကောက်ရိုး သို့မဟုတ် ပလတ်စတစ်ဖြင့် ဖုံးအုပ်ပေးခြင်းက ရောဂါကူးစက်မှုကို လျော့နည်းစေပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
အခုမှ ပျိုးမည်ဆိုလျှင်အချိန်မှီသေးလားဗျ
ဖြေကြားချက် 2 ခု
ခရမ်းချဥ် ကွကြားပန်းစပွင့်ချိန် နေပူနေတုန်း (မက်တယ်လဇီ)+(မန်ကိုဇက်)ဖျန်းလိုက်ရင် အဲဒီအဖူးအပွင့်တွေကို ထိခိုက်...
ဖြေကြားချက် 1 ခု
ဆရာ 909 ခရမ်းချဥ်ပင်ပါဆရာ ပထမပုံပါအတိုင်း အပင် တော်တော်များများ ဖြစ်နေလို့ပါဆရာ ဒီတစ်ခါအတော်များပါတယ်ဆရာ အ...
ဖြေကြားချက် 2 ခု
ဆရာခင်ဗျ ဘာဆေးဖြန်းရမလည်းခင်ဗျ
ဖြေကြားချက် 6 ခု
ဆရာတို့ဗျ ခရမ်းချဥ် ပံ ၁၁၁ မျိုးပါ မိုးတွင်းစိုက်ထားတော့ အပင် အားမရဘူးဖြစ်နေတာ အရွက်တွန့်နေတာပါ ငယ်ငယ်က ရေလဲ...
ဖြေကြားချက် 5 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။