အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကိုလင်းထက်ကျော်
လွန်ခဲ့သော ၁ နာရီ က · အင်္ဂပူ

မင်္ဂလာပါဆရာများ အမ်အီးဖေါ်မြူလာအကြောင်းရှင်းပြပေးပါ ဥပမာ 20%ME ဆိုတာရေကိုဘယ်လိုပျော်နိုင်သလဲဗျ

ပိုးမွှားရောဂါ မတ်ပဲ

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 419,002 လွန်ခဲ့သော ၉ မိနစ် က

@ကိုလင်းထက်ကျော် 20% ME (Micro-emulsion) ဆေးဖော်စပ်မှုပုံစံသည် ရေအခြေခံပြုလုပ်ထားသောကြောင့် ရေနှင့် အလွယ်တကူ သမအောင် ဖျော်စပ်နိုင်ပါတယ်။ စနစ်တကျဖျော်စပ်ရန်အတွက် ဦးစွာ ရေပုံးအသန့်တစ်ခုတွင် ရေအနည်းငယ်ထည့်ပြီး သတ်မှတ်ထားသော ဆေးနှုန်းထားပမာဏနှင့် သမအောင် တုတ်ဖြင့် သေချာစွာ ကြိုတင်မွှေပေးရပါမယ်။ ထို့နောက် ရေတစ်ဝက်ခန့်ဖြည့်ထားသော ဆေးဖျန်းပုံးထဲသို့ အဆိုပါ ဆေးရည်ပြစ်ကို လောင်းထည့်ကာ လိုအပ်သော ရေပမာဏပြည့်သည်အထိ ထပ်ဖြည့်ပြီး သမအောင် ထပ်မံမွှေပေးရပါမယ်။ ဆေးအာနိသင် အပြည့်အဝရရှိစေရန် ရေကြည်၊ ရေသန့်ကိုသာ အသုံးပြုရမည်ဖြစ်ပြီး နေပူပြင်းချိန်ကို ရှောင်၍ မနက်စောစော သို့မဟုတ် ညနေခင်းတွင်သာ ဖျန်းပေးသင့်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။